မွေးနေ့မှာယဉ်ယဉ်လေးလှနေတဲ့စံရတီမိုးမြင့်


Unicode
ရုပ်ရှင်သရုပ်ဆောင် စံရတီမိုးမြင့် က မွေးနေ့မှာ ရွှေတိဂုံဘုရား မှာ ကုသိုလ်ကောင်းမှုပြုလုပ်ရင်း လျှပ်တပြက်ရိုက်ကူးခဲ့တဲ့ဓာတ်ပုံတွေကို တင်ထားပါတယ်။ ရွှေဝါရောင် ဝတ်စုံလေးနဲ့လှနေတဲ့ စံရတီမိုးမြင့် ရဲ့အလှဟာပေါ်လွင်လို့ နေပါတယ်။စံရတီ ဟာ ရင်ပြင်တော်ပေါ်မှာ ပရိတ်သတ်တွေနဲ့အတူတူလည်းဓာတ်ပုံတွေရိုက်ထားပါသေးတယ်။စံရတီက သူမရဲ့ဖေ့ဘွတ်ခ်မှာ Facebook,Messenger, phone, messageတွေနဲ့ရော လူကိုယ်တိုင်ပါလာရောက်ပြီးေ မွးနေ့ဆုတောင်းပေးတဲ့ တစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ် Replyမပြန်နိုင်သေးတာ ခွင့်လွှတ်ပါနော် မွေးနေ့မှာ ပျော်ရွှင်ရပါတယ်။တကူးတကဘုရားမှာလာစောင့်နေတဲ့သူတွေရော လက်ဆောင်တွေလာပေးကြတဲ့သူတွေရော အိမ်ကိုပို့ပေးကြတဲ့ သူတွေရော အားလုံးကိုေ ကျးဇူးတင်ပါတယ် အမြဲတန်းဘေးကနေပံ့ပိုးပေးတဲ့ချစ်ခင်ရတဲ့သူများအားလုံးကိုကျေးဇူးပါနော် လို့ရေးသားထားပါတယ်။ စံရတီ ရဲ့ လျှပ်တပြက် ပုံလှလှလေးတွေကို ဓာတ်ပုံ ကိုနေမင်းထွန်း က ရိုက်ပေးထားတာဖြစ်ပါတယ်။