ေဘဘီလိမ္ေနတာေပ်ာ္ရဲ႕လား – အစၥဏီ

ေဘဘီလိမ္ေနတာေပ်ာ္ရဲ႕လား
ဟုတ္ပါတယ္။ ယေန႔ ႐ုံးထုတ္ၿပီးတဲ့အခ်ိန္မွာ သတင္းေထာက္ေတြကို ေဘဘီ လိမ္ေနတာေပ်ာ္ရဲ့လားဆိုၿပီး အစၥဏီ က ေျပာဆိုလိုက္တာပါ။ ယေန႔ တတိယအႀကိမ္ေျမာက္႐ုံးခ်ိန္းမွာတရားလို ေမာ္ဒယ္ စူးရွထက္ ကိုယ္တိုင္တရား႐ုံးကို တက္ေရာက္ခဲ့တာျဖစ္ပါတယ္။ တရားလို စူးရွထက္ဘက္မွ သက္ေသမ်ားႏွင့္တကြ ထြက္ဆိုမႈမ်ား ျပဳလုပ္ခဲ့ၿပီး အမႈျဖစ္ပြားခဲ့ၿပီး ခ်ိန္မွာ တရားလိုရဲ႕အိမ္မွာ ႐ိုက္ကူးခဲ့တဲ့ ဗီဒီယိုဖိုင္ကိုလည္း တရားခြင္မွာ ျပသခဲ့တယ္လို႔ သိရပါတယ္။ရံုးခ်ိန္းအၿပီးမွာ အစၥဏီ ရဲ့မိခင္ၿဖစ္သူ ေဒၚဥမၼာၿမင့္ကေတာ့ “ဒီေန႔ထြက္ဆိုခ်က္နဲ႔ ပတ္သက္ၿပီးေတာ့ သူက မဟုတ္တာေတြ အရမ္းေျပာေတာ့ သားကေတာ္ေတာ္ ေဒါသျဖစ္ေနတယ္။ အခုခ်ိန္ထိ အန္တီတို႔ လုံးဝမေက်ေအး ခိုင္းေသးပါဘူး။ ရန္ျဖစ္တာကို ရန္ျဖစ္တဲ့အေၾကာင္း မဟုတ္ဘဲနဲ႔ ၃၇၆နဲ႔ စြဲတယ္။ မနက္ ၄ နာရီ ၅နာရီမွာ ရဲက ရန္ျဖစ္တာနဲ႔ လာဖမ္းသြားတယ္။ ၉ နာရီမွာ မုဒိမ္းမႈနဲ႔ထပ္စြဲတယ္” လို႔ မီဒီယာေတြကိုေၿဖၾကားခဲ့ပါတယ္။
အဆိုေတာ္ အစၥဏီ(ေခၚ) ဟန္ထြန္းေဇာ္ကို တာေမြၿမိဳ႕နယ္ တရားရုံးမွာ ဥပေဒ ပုဒ္မ ၃၇၆၊ ၃၂၄ ၊၃၂၃ တို႔ျဖင့္ တရားစြဲဆိုထားတာ ျဖစ္ပါတယ္။
Unicode
ဘေဘီလိမ်နေတာပျော်ရဲ့လား
ဟုတ်ပါတယ်။ ယနေ့ ရုံးထုတ်ပြီးတဲ့အချိန်မှာ သတင်းထောက်တွေကို ဘေဘီ လိမ်နေတာပျော်ရဲ့လားဆိုပြီး အစ္စဏီ က ပြောဆိုလိုက်တာပါ။ ယနေ့ တတိယအကြိမ်မြောက်ရုံးချိန်းမှာတရားလို မော်ဒယ် စူးရှထက် ကိုယ်တိုင်တရားရုံးကို တက်ရောက်ခဲ့တာဖြစ်ပါတယ်။ တရားလို စူးရှထက်ဘက်မှ သက်သေများနှင့်တကွ ထွက်ဆိုမှုများ ပြုလုပ်ခဲ့ပြီး အမှုဖြစ်ပွားခဲ့ပြီး ချိန်မှာ တရားလိုရဲ့အိမ်မှာ ရိုက်ကူးခဲ့တဲ့ ဗီဒီယိုဖိုင်ကိုလည်း တရားခွင်မှာ ပြသခဲ့တယ်လို့ သိရပါတယ်။
ရုံးချိန်းအပြီးမှာ အစ္စဏီ ရဲ့မိခင်ဖြစ်သူ ဒေါ်ဥမ္မာမြင့်ကတော့ “ဒီနေ့ထွက်ဆိုချက်နဲ့ ပတ်သက်ပြီးတော့ သူက မဟုတ်တာတွေ အရမ်းပြောတော့ သားကတော်တော် ဒေါသဖြစ်နေတယ်။ အခုချိန်ထိ အန်တီတို့ လုံးဝမကျေအေး ခိုင်းသေးပါဘူး။ ရန်ဖြစ်တာကို ရန်ဖြစ်တဲ့အကြောင်း မဟုတ်ဘဲနဲ့ ၃၇၆နဲ့ စွဲတယ်။ မနက် ၄ နာရီ ၅နာရီမှာ ရဲက ရန်ဖြစ်တာနဲ့ လာဖမ်းသွားတယ်။ ၉ နာရီမှာ မုဒိမ်းမှုနဲ့ထပ်စွဲတယ်” လို့ မီဒီယာတွေကိုဖြေကြားခဲ့ပါတယ်။
အဆိုတော် အစ္စဏီ(ခေါ်) ဟန်ထွန်းဇော်ကို တာမွေမြို့နယ် တရားရုံးမှာ ဥပဒေ ပုဒ်မ ၃၇၆၊ ၃၂၄ ၊၃၂၃ တို့ဖြင့် တရားစွဲဆိုထားတာ ဖြစ်ပါတယ်
ကိုးကား – ဧရာ၀တီ ၊ 7 Day News