သမီးဖြစ်သူနှင့်ပတ်သတ်၍ လုံးဝတာဝန်မယူကြောင်းကြေငြာလိုက်တဲ့ ဒိန်းဒေါင်
ဒိန်းဒေါင်ရဲ့သမီးဖြစ်သူ မမြတ်နိုးဦးဟာ ပြီးခဲ့တဲ့လပိုင်းမှာ ထုတ်လုပ်သူမင်းသမီး က သိန်းပေါင်း ၆သောင်းကျော်လိမ်လည်တဲ့စုမဲငွေအရူပ်အရှင်းတွေထဲမှာ့ပြဿနာတက်သူဖြစ်ပါတယ်။အဆိုပါ ကိစ္စကြောင့် ဟာသသရုပ်ဆောင် လူရွှင်တော်ဒိန်းဒေါင် က အများသိစေရန်ကြေငြာခြင်းဟုဆိုကာ သမီး ဖြစ်သူ မမေမြတ်နိုးဦးသည် ဖခင်၏ ဂုဏ်သိက္ခာကို ထိခိုက်အောင်ပြုမူသည့်အပြင် ဆိုဆုံးမမှုကိုမနာခံပဲ မိမိသဘောအလျောက် ပြုမူနေထိုင်ပါသဖြင့် လုံး၀ တာဝန်မယူကြောင်းကို သတင်းစာမှာ ကြေငြာခဲ့တာဖြစ်ပါတယ်။မမြတ်နိုးဦး နဲ့ပတ်သတ်၍ ဒိန်းဒေါင်ကို သိက္ခာကျအောင်နှောင့်ယှက်ပြောဆိုတာတွေဆက်လုပ်လာရင်အရေးယူသွားမယ်လို့ထည့်သွင်းဖော်ပြထားပါတယ်။