နေတိုး နဲ့ မေမြင့်မိုရ် တို့ အတူတွဲရိုက်ထားတဲ့ပုံလေးတွေ

နာမည်ကျော်သရုပ်ဆောင်နေတိုး နဲ့အတူ စတူဒီယို တခုမှာ စုံတွဲဓာတ်ပုံတွေရိုက်ကူးနေတဲ့ပုံတွေကို အရိပ်ဇာတ်လမ်းတွဲရဲ့ မင်းသမီးလေး မေမြင့်မိုရ် က သူမရဲ့ ဖေ့ဘွတ်ခ်မှာတင်ထားပါတယ်။ မေမြင့်မိုရ် ဟာ ဇာတ်လမ်းတွဲများနဲ့အတူ ပရိသတ်များရဲ့ ပါးစပ်ဖျားမှာ ချစ်စရာလေးဆိုတဲ့ တင်စားမှုနဲ့အတူ နာမည်ရလာတဲ့မင်းသမီးလေးဖြစ်ပါတယ်။ ဓာတ်ပုံတွေထဲမှာ နေတိုးက အနောက်တိုင်း ဝတ်စုံ နဲ့စမတ်ကျကျ စတိုင်ကျနေသလို ၊ မေမြင့်မိုရ် ကလည်း မြန်မာဆန်ဆန်လေးလှလို့နေပါတယ်။ ပရိသတ်ကြီး ကတော့ ဒီလိုစုံတွဲပုံလေးတွေ တွေ့ရတာဘယ်လိုမြင်လဲ။