ပရိသတ်တွေ Wow ခနဲဖြစ်သွားတဲ့ ဖွေးဖွေးရဲ့ပွဲတက်ဖက်ရှင်


ဖွေးဖွေး က ငါ့ကိုနမ်းတဲ့မုန်တိုင်း Movie Premier ပွဲကို တက်ရောက်လာတဲ့ဖက်ရှင်ပုံရိပ်တွေဟာ ဖွေးဖွေးရဲ့ ချစ်ပရိသတ်တွေကြားမှာတော့ရေပန်းစားနေပါတယ်။ ခရမ်းပြာရောင်လေးနဲ့ပွဲတက်လာတဲ့ ဖွေးဖွေး ဟာ တွဲဖက်သရုပ်ဆောင်တွေဖြစ်တဲ့ လူငယ်အဆိုတော်လွှမ်းပိုင် ၊ ရဲရင့်အောင်တို့နဲ့အတူ စတိုင်အပြည့်နဲ့ပွဲတက်လာတာဖြစ်ပါတယ်။
ဒီရုပ်ရှင်ဇာတ်ကားမှာ ဖွေးဖွေး ဟာ လူငယ် သရုပ်ဆောင်တွေဖြစ်တဲ့ လွှမ်းပိုင် ၊ ရဲရင့်အောင် တို့ နဲ့အတူ ဘယ်လိုအတူသရုပ်ဆောင်ထားလဲဆိုတာတော့ ပိတ်ကားထက်မှာစောင့်ကြည့်ရမှာပါ။