ကလေးတွေနဲ့အတူမွေးနေ့ကိုဖြတ်ကျော်ခဲ့တဲ့လုလုအောင်


Unicode
ပရိသတ်အချစ်တော် ခေးကြီးလို့အမြဲခေါ်တဲ့ လုလုအောင် က သူမရဲ့မွေးနေ့ကို ကချင်ပြည်နယ် ၊ ဇာတိမြေက ကလေးတွေနဲ့ဖြတ်သန်းခဲ့တယ်လို့ သိရပါတယ်။ လုလုအောင် ဟာ မွေးနေ့ပွဲကျင်းပပုံကို ဗီဒီယို Live လွှင့်ခဲ့သလို ကြည့်ရှုသူများဟာလည်း ကလေးတွေ ပျော်ရွှင်နေတာတွေ့လို့ လုလုအောင် ရဲ့ မွေးနေ့စိတ်ကူးလေးကို ချီးကျူးနေကြပါတယ်။ဒါ့အပြင် လုလုအောင် ရဲ့ ဗီဒီယို နဲ့ဓာတ်ပုံတွေအောက်မှာ မွေးနေ့ဆုတောင်းရေးထားတဲ့သူတွေဟာလည်း မနည်းမနောပါပဲ။