Unicode
ဖေ့ဘွတ်ခ် ပေါ်က ကိုမင်းသန့်ကျော်က သူကြုံတွေ့ရတဲ့ ဖြစ်ရပ်ကိုပြန်ရေးထားတာဟာ ငိုအားထက်ရယ်အားသန်ဆိုသလို ၊ သတိပြုစရာလည်းဖြစ်နေပါတယ်။ မိန်းကလေးတွေတင်မဟုတ်ပဲ ယောင်္ကျားလေးတွေလည်း မလုံခြုံဘူးဆိုတာ ဒီဖြစ်ရပ်ကိုကြည့်ရင် မြင်နိုင်ပါတယ်။ ရေးသူက ရေတိမ်မနစ်စေချင်လို့စောက်ရှက်ကွဲခံပြီး ပြောပြပါ့မယ်ဆိုကာ စကားချီပြီး ကြုံတွေ့ခဲ့ရပုံကိုရေးထားတာဒီလိုပါ။ “ဒီနေ့သူငယ်ချင်းတစ်ယောက်ဆီ ကပြန်လာတယ် ထုံစံအတိုင်းလမ်းလျှေက်ပေါ့ ရန်ကင်း ၁၂ တန်းနားရောက်တော့ ကားတစ်စီးကကပ်လာတယ် ပြီးတော့ ရန်ကင်းကလေးဆေးရုံကဘယ်နားမှာလဲ ညီလေးတယ့်  လမ်းပြတော့ သူကမသိသလိုနဲ့ ခေါင်းပဲကုတ်နေတာ ပြီးတော့ ညီလေးလိုက်ပြပါလားတယ့် သူ အိမ်ပြန်လိုက်ပို့ပေးမယ်တယ့် အကိုယ်ကနယ်ကမို့လို့တယ့် အင်းပေါ့လေကိုယ်လည်းခရီးသွားတုန်းလမ်းမသိရင်ဒုက္ခရောက်တာပဲ ကျွန်တော်လည်းသတိရှိရင်ရပါတယ်လေ ဆိုပြီးကားပေါ ်တက်သွားရော ကားပေါ ်ရောက်တော့ ပထမ မှန်ကချထားတာ အဲ့တာသူက မှန်ကိုတစ်ဆင့်တင်လိုက်တယ် နည်းနည်းတော့စိတ်ထင့်သွားတယ် ဘာလဲပေါ့  အဲ့လိုပဲဆက်လိုက်လာတာ ကျွန့်တော့်အကြောင်းတွေစမေးပါလေရော အသက် တွေလည်းမေး ပြီးတော့ရည်းစားရောမထားဘူးလားတယ့် အရပ်ကရှည် ပြီးချောချောလေးဆိုတော့မိန်းကလေးတွေခိုက်မှာပေါ့တယ့်ဟုတ်ကဲ့ ဒီလိုပါပဲ ပေါ့ အဲ့မှာဇာတ်လမ်းကစရော ညီလေး ဘီယာသောက်လားတယ့်ေ သာက်တယ်ဆိုတာ့ဗိုက်ပူမှာပေါ့ဆိုပြီးဗိုက်ကိုအတင်းလာပွတ်ရော နည်းနည်း တော့သိလိုက်တယ်အဲ့မှာထဲက။ GYM ရောဆော့လားတယ့် ဟုတ်ကဲ့ ၂ ရက်လောက်တော့သွားတယ်လို့ ပြောတော့ အကုန်လိုက်ကိုင်တော့တာပဲ အရင်ကရည်းစားတွေနဲ့ရောဘာတွေလုပ်ခဲ့လဲတယ့် မလုပ်ရဲပါဘူး ဘာညာပေါ့ အကောင်ကထွားတယ်နော်တယ့် တခြားဟာတွေရောကြီးလားတယ့် ဘယ်နလက်မ ရှိလဲ တယ့်။ အင်း အဲ့လိုပါပဲ ဆိုတာ့ သိချင်တယ်ဆိုပြီးအတင်းလိုက်ကိုင်ပါလေရောကိုယ်ကလည်းအတင်းရုံးတာ။ ကားမှန်ကလည်း တစ်လမ်းလုံး မသိမသာ တစ်ဆင့်ဆင့် ပိတ်လာတာ အကုန်ပိတ်နေပြီ ကား LOCK ကလည်းချထားတော့ဖွင့်မရဘူး အဲ့တာ နဲ့စောက်ကျိုးနည်းပြီဆိုပြီး ရုပ်ကိုတည်ပြီး အသံကျယ်ကျယ်နဲ့ကားရပ်ဖို့အော်တော့မှရပ်ပေးတယ် အဲ့တော့မှပြန်ဆင်းလာရတယ်ကားက honda fit ပါ ဘဲကြီးက နှုတ်ခမ်းမွေးတွေနဲ့ gentle man ရုပ် လုံးဝမထင်ရဘူး အစက လူကုန်ကူးတာ ဘာညာထင်နေတာာေ နာက်မှ အခြောက်ဖြစ်နေတယ် ။ ဒီလိုဖြစ်တာ၂ ခါမြောက်ရှိပါပြီ မခံစားနိုင်တော့လို့ပါ ။ နဂိုထဲက ကိုယ့်ပြသနာနဲ့ကိုယ်အာရုံနောက်နေတာ ဒီလိုဖြစ်သွားတော့ ဘာလုပ်ရမှန်းတောင်မသိဘူး တခြားသူတွေ ဖြစ်ဖူးလား တော့မသိဘူး ကိုယ်ကတော့စောက်ကျိုးနည်း၂ခါရှိပါပြီ ။ လွန်ခဲ့တယ့် ၁ နာရီလောက်ကမှ ဖြစ်သွားတာပါ။ စိတ်တောင်မကောင်းဘူး” လို့ရေးထားတာဖြစ်ပါတယ်။