လူရႊင္ေတာ္ဂ်ိဳကာအား ပရိသတ္တြင္းမွေလာက္စာလံုးၿဖင့္ပစ္ခတ္ေသာေၾကာင့္ မ်က္လံုးက်ြတ္ထြက္ပ်က္စီး

လူရႊင္ေတာ္ ဂ်ိုကာ ေခၚ ကို ေနမင္း အသက္ ၂၅ ဟာ ရမည္းသင္း ၊ ရြာတန္းရြာ မွာေဖ်ာ္ေၿဖေနစဥ္ ပရိသတ္အတြင္းမွ ေလာက္စာလံုးၿဖင့္ ပစ္ခတ္ေသာေၾကာင့္ မ်က္လံုးတြင္း၀င္သြားသည့္ ေလာက္စာလံုးအားခဲြစိတ္ထုတ္ပယ္ရမည္ၿဖစ္ၿပီး မ်က္လံုးက်ြတ္ထြက္ပ်က္စီးသြားသည္အထိ ထိခိုက္ဒဏ္ရာရရွိခဲ့ပါတယ္လို ့ဘဘင္ဗဟို က သတင္းထုတ္ၿပန္ထားပါတယ္။ ေအာက္ပါ ထုတ္ၿပန္ေၾကၿငာခ်က္အၿပည့္အစံု ကိုဖတ္ၾကည့္ပါ။ 
လူရွှင်တော် ဂျိုကာ ခေါ် ကို နေမင်း အသက် ၂၅ ဟာ ရမည်းသင်း ၊ ရွာတန်းရွာ မှာဖျော်ဖြေနေစဉ် ပရိသတ်အတွင်းမှ လောက်စာလုံးဖြင့် ပစ်ခတ်သောကြောင့် မျက်လုံးတွင်းဝင်သွားသည့် လောက်စာလုံးအားခွဲစိတ်ထုတ်ပယ်ရမည်ဖြစ်ပြီး မျက်လုံးကျွတ်ထွက်ပျက်စီးသွားသည်အထိ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်လို ့ဘဘင်ဗဟို က သတင်းထုတ်ပြန်ထားပါတယ်။ အောက်ပါ ထုတ်ပြန်ကြေငြာချက်အပြည့်အစုံ ကိုဖတ်ကြည့်ပါ။

 

အဆိုပါၿဖစ္ရပ္နဲ ့ပတ္သတ္ၿပီး “အလြန္ စိတ္ထိခိုက္ ခံစားရပါတယ္… အဲ့ဒိ ရမည္းသင္း၊ ရြာတန္း (ရတန္း) မွာ-ကၽြန္မတို႔ စိန္မဟာသဘင္ သြားကတုန္းကလည္း – သူတို႔အခ်င္းခ်င္း ရန္ေတြျဖစ္ၾကၿပီး မီးလံုးေတြ၊ မိုက္ႀကိဳးေတြ ဆြဲျဖဳတ္ပါတယ္။ အဲ့လိုလုပ္ေနေတာ့ ဇံဟိန္းက သီခ်င္းဆိုတာရပ္ၿပီး ကားလည္းခ်လိုက္ေရာ အဲ့လို ကားခ်ၿပီး ပြဲရပ္လိုက္ရပါမို႔လားဆိုၿပီး ေသာင္းက်န္းတာ ေသာင္းက်န္းတာဆိုတာေလ ဂိတ္ရိႈးေတြ ဆြဲဆုတ္၊ ျပည္ဖံုးကားကို ဆြဲၿဖဲ၊ ဇာတ္မီးရႈိ႔မယ္ေတြ ႀကိမ္း လုပ္ၾကတာပါ။ အဲ့လိုျဖစ္ရင္ ကၽြန္မအေတြ႔အႀကံဳအရ ရဲေတြေတာင္ မဝင္ရဲပါဘူး။ အင္အားနည္းေနလို႔လည္း ျဖစ္ႏိုင္ပါတယ္။ ကၽြန္မတို႔အဖြဲ႔သားေတြဆို ေၾကာက္လိုက္ရတာေလ။ ဘုန္းႀကီးသြားပင့္မွ ၿငိမ္သြားပါတယ္။ေနာင္ သြားမယ့္ အဖြဲ႔ေတြ ( ျဖစ္ႏိုင္ရင္ သြားမကေစခ်င္ပါဘူး ) သြားကမယ္ဆိုလည္းစာခ်ဴပ္ရင္ လံုၿခံဳေရးကိစၥ အတိအက် အပိုင္ခ်ဴပ္ၿပီးမွ သြားသင့္ပါတယ္ရွင္” လုိ ့သဘင္အစည္းအရံုးဗဟို ရဲ့ ေဖ့ဘြတ္ခ္ အက္မင္ ေဒၚ ပတၱၿမားခုိင္ ကလည္း ေရးသားထားပါတယ္။
အဆိုပါဖြစ်ရပ်နဲ့ပတ်သတ်ပြီး “အလွန် စိတ်ထိခိုက် ခံစားရပါတယ်… အဲ့ဒိ ရမည်းသင်း၊ ရွာတန်း (ရတန်း) မှာ-ကျွန်မတို့ စိန်မဟာသဘင် သွားကတုန်းကလည်း – သူတို့အချင်းချင်း ရန်တွေဖြစ်ကြပြီး မီးလုံးတွေ၊ မိုက်ကြိုးတွေ ဆွဲဖြုတ်ပါတယ်။ အဲ့လိုလုပ်နေတော့ ဇံဟိန်းက သီချင်းဆိုတာရပ်ပြီး ကားလည်းချလိုက်ရော အဲ့လို ကားချပြီး ပွဲရပ်လိုက်ရပါမို့လားဆိုပြီး သောင်းကျန်းတာ သောင်းကျန်းတာဆိုတာလေ ဂိတ်ရှိုးတွေ ဆွဲဆုတ်၊ ပြည်ဖုံးကားကို ဆွဲဖြဲ၊ ဇာတ်မီးရှို့မယ်တွေ ကြိမ်း လုပ်ကြတာပါ။ အဲ့လိုဖြစ်ရင် ကျွန်မအတွေ့အကြုံအရ ရဲတွေတောင် မဝင်ရဲပါဘူး။ အင်အားနည်းနေလို့လည်း ဖြစ်နိုင်ပါတယ်။ ကျွန်မတို့အဖွဲ့သားတွေဆို ကြောက်လိုက်ရတာလေ။ ဘုန်းကြီးသွားပင့်မှ ငြိမ်သွားပါတယ်။နောင် သွားမယ့် အဖွဲ့တွေ ( ဖြစ်နိုင်ရင် သွားမကစေချင်ပါဘူး ) သွားကမယ်ဆိုလည်းစာချူပ်ရင် လုံခြုံရေးကိစ္စ အတိအကျ အပိုင်ချူပ်ပြီးမှ သွားသင့်ပါတယ်ရှင်” လို့သဘင်အစည်းအရုံးဗဟို ရဲ့ ဖေ့ဘွတ်ခ် အက်မင် ဒေါ် ပတ္တမြားခိုင် ကလည်း ရေးသားထားပါတယ်။