အိမ့်ချစ်ပြောတဲ့ ရင်ကိုထိတဲ့အိမ်ကလေးအကြောင်း


အိမ်ပြောင်းပြီ
ဒီနေ့ အိမ်လေးကထွက်လာကတည်းက အတိတ်တွေကို သတိရရင်း မျက်ရည်ကျတယ် ခုစာလေးရေးနေတော့လဲမျက်ရည်ကျနေတုန်းပဲ..ဘဝမှာ လောကဓံဆိုတာကြိးကို ပင်ပင်ပန်းပန်းကြမ်းကြမ်းတမ်းတမ်း ဖြတ်သန်းခဲ့ရတဲ့အခါ လူသူတွေမသိတဲ့ မျက်ရည်တွေငိုသံတွေ အပျော်တွေရယ်သံတွေကို ကုန်စင်အောင်သိခဲ့တဲ့ အိမ်လေးရေ GoodBye ပါလို့စပြောင်းခဲ့စဉ်ကတော့မိသားစု သိုက်သိုက်ဝန်းဝန်းလေး အိမ်လေးကလဲ ရှေးအိမ်ပုံစံကို renovates လုပ်ထားတော့လူစိတ်ဝင်စားခဲ့ကြတာပေါ့ အဖေနဲ့အမေက ကိုယ်တိုင်ဆေးသုတ် မီးတွေဆင် ပရိဘောဂတွေဖြည့် ပျော်ကြတာပေါ့ အိမ်ငှားဘဝတွေကနေ ပထမဆုံးအိမ်ပိုင်လေးပြန်ရကြတော့ အဲ့ဒီကနေလိုနဲ့ပဲ အဖေကအိမ်လေးနဲ့ မိသားစုကိုထားခဲ့တယ် အဲ့နေ့ကစလို့ မိသားစုလေး ယိုယွင်းသွားသလို အိမ်လေးလဲ ယိုယွင်းလာခဲ့တာခြံစည်းရိုးလှလှလေးတွေက ဆွေးမြေ့လာ ကျိုးပဲ့လာ ခွေးတွေတိုး မိုးရွာရေကြီးတိုင်းခြံတိုင်လေးတွေပြုတ်ပြုတ်ပါ ဟိုနားကျိုးရင်ရှိတဲ့ အတိုအစလေးနဲ့ပြန်ရိုက် အဲ့လိုကနေအခြေနေမဟန်တော့ ဝါးကပ်တွေပဲကာရတော့တဲ့အခြေနေ ဝါးကပ်ဆိုတာလဲ တစ်နှစ်တစ်ခါလဲရပြန် တစ်ခါလဲခါနီးတိုင်း သားအမိတွေစိတ်ဆင်းရဲရတာလေ ငွေကမရှိ ဒီကြားထဲ နာဂစ်တိုက်တော့ ခေါင်ကပွင့် အကုန်မလဲနိုင်ပြန်တော့ ဟိုတစ်ချပ်လဲဒီတစ်ချပ်လဲ အိမ်နောက်ဖေးမီးဖိုက မိုးတွေယို မိုးရွာတဲ့အချိန်ဆို အိမ်ကိုဧည့်သည်လာမှာသိပ်ကြောက်တာရေတွေယိုတာကို ဒန်အိုးတွေဇလုံတွေနဲ့ ခံထားရတာမို့ လူမြင်မှာရှက်လို့လေ ပြီးတော့ မိုးရေတွေကြောင့် အထပ်သားမျက်နှာကြက်တွေက ဂျေးကွက်တွေနဲ့ မဲနေတာ ပျဉ်းကတိုး /ကျွန်း ဆိုသော်ငြား ကြာလာတော့ ချတက်တာပဲလေ ချတွေတက်ရင် ဆေးတွေဖျန်း ချစားတဲ့တိုင်တွေက ကျိုး ကြမ်းတွေကကျွံ လက်သမားပေါင်းတစ်သိန်းနဲ့ ပြင်ရတာ ခဏခဏ ခြံဘေးကနေရာလွတ်လေးမှာ အမေက မုန့်ဟင်းခါး လဘက်ရည်ရောင်းစားလိုက် အရက်ဆိုင်လေးဖွင့်လိုက် လူများကိုပစ္စည်းလှောင်ဖို့ငှားလိုက်နဲ့ ရတဲ့ပိုက်ဆံနဲ့စားလဲစား အိမ်လေးလဲပြင် မပြင်နိုင်လဲဒီတိုင်းပဲထား ဝမ်းရေးကခက် ဘဝကကြမ်း ငိုခဲ့ရတဲ့ရက်တွေမနည်းဘူး အပြင်ကနေကြည့်ရင်အိမ်ကြီးကအကြီးကြီး လူတွေကအထင်ကြီး အထဲမှာယိုယွင်းမှုပေါင်းများစွာဘယ်သူမှမသိခဲ့ကြပဲလေဒီလိုနဲ့ပဲနေခဲ့ရင်းငိုခဲ့ရင်းဘုရားပဲအားကိုးဘာသာရေးတွေလုပ် ရရာအလုပ်တွေအမေလဲလုပ် ကိုယ်ကလဲသီချင်းလေးဘယ်လောက်ပိုက်ဆံရရဆို အကိုကြ်ီးကလဲအလုပ်လေးရ ရာထူးလေးကောင်းလာ အဆင်လေးပြေလာခဲ့ရင်းနဲ့ မျက်ရည်တွေတိတ်ခဲ့ရတယ် အိမ်ထဲမှာငိုသံတွေသိပ်မရှိတော့ဘူး
Beautiful future from now on..!!Unicode
အိမ်ကလေး အကြောင်း ပြောရင်း ဘဝမှာ ရုန်းကန်ခဲ့ရပုံတွေကို အိမ့်ချစ်က စိတ်ထဲမှာမြင်ယောင်နေအောင်ရေးထားပုံလေးက ပရိသတ်တွေရဲ့ ရင်ကိုရိုက်ခတ်စေပါတယ်။ အောင်မြင်မှု လမ်းကြောင်းကို ရောက်ဖို့အတွက် အိမ့်ချစ် ဟာ အတော်လေးကို ရုန်းကန်ကြိုးစားခဲ့ရတဲ့သူမ ဘဝအကြောင်းကို အိမ်ပြောင်းတဲ့အချိန်မှာ အောက်မေ့တမ်းတဖွယ်ရေးထားတာလေးကို ဖတ်ကြည့်လိုက်ပါဦး။
အိမ်ပြောင်းပြီဒီနေ့ အိမ်လေးကထွက်လာကတည်းက အတိတ်တွေကို သတိရရင်း မျက်ရည်ကျတယ် ခုစာလေးရေးနေတော့လဲမျက်ရည်ကျနေတုန်းပဲ..ဘဝမှာ လောကဓံဆိုတာြကိးကို ပင်ပင်ပန်းပန်းကြမ်းကြမ်းတမ်းတမ်း ဖြတ်သန်းခဲ့ရတဲ့အခါ လူသူတွေမသိတဲ့ မျက်ရည်တွေငိုသံတွေ အပျော်တွေရယ်သံတွေကို ကုန်စင်အောင်သိခဲ့တဲ့ အိမ်လေးရေ GoodBye ပါလို့စပြောင်းခဲ့စဉ်ကတော့မိသားစု သိုက်သိုက်ဝန်းဝန်းလေး အိမ်လေးကလဲ ရှေးအိမ်ပုံစံကို renovates လုပ်ထားတော့လူစိတ်ဝင်စားခဲ့ကြတာပေါ့ အဖေနဲ့အမေက ကိုယ်တိုင်ဆေးသုတ် မီးတွေဆင် ပရိဘောဂတွေဖြည့် ပျော်ကြတာပေါ့ အိမ်ငှားဘဝတွေကနေ ပထမဆုံးအိမ်ပိုင်လေးပြန်ရကြတော့ အဲ့ဒီကနေလိုနဲ့ပဲ အဖေကအိမ်လေးနဲ့ မိသားစုကိုထားခဲ့တယ် အဲ့နေ့ကစလို့ မိသားစုလေး ယိုယွင်းသွားသလို အိမ်လေးလဲ ယိုယွင်းလာခဲ့တာ ခြံစည်းရိုးလှလှလေးတွေက ဆွေးမြေ့လာ ကျိုးပဲ့လာ ခွေးတွေတိုး မိုးရွာရေကြီးတိုင်းခြံတိုင်လေးတွေပြုတ်ပြုတ်ပါ ဟိုနားကျိုးရင်ရှိတဲ့ အတိုအစလေးနဲ့ပြန်ရိုက် အဲ့လိုကနေအခြေနေမဟန်တော့ ဝါးကပ်တွေပဲကာရတော့တဲ့အခြေနေ ဝါးကပ်ဆိုတာလဲ တစ်နှစ်တစ်ခါလဲရပြန် တစ်ခါလဲခါနီးတိုင်း သားအမိတွေစိတ်ဆင်းရဲရတာလေ ငွေကမရှိ ဒီကြားထဲ နာဂစ်တိုက်တော့ ခေါင်ကပွင့် အကုန်မလဲနိုင်ပြန်တော့ ဟိုတစ်ချပ်လဲဒီတစ်ချပ်လဲ  အိမ်နောက်ဖေးမီးဖိုက မိုးတွေယို မိုးရွာတဲ့အချိန်ဆို အိမ်ကိုဧည့်သည်လာမှာသိပ်ကြောက်တာ ရေတွေယိုတာကို ဒန်အိုးတွေဇလုံတွေနဲ့ ခံထားရတာမို့ လူမြင်မှာရှက်လို့လေ ပြီးတော့ မိုးရေတွေကြောင့် အထပ်သားမျက်နှာကြက်တွေက ဂျေးကွက်တွေနဲ့ မဲနေတာ
ပျဉ်းကတိုး /ကျွန်း ဆိုသော်ငြား ကြာလာတော့ ချတက်တာပဲလေ ချတွေတက်ရင် ဆေးတွေဖျန်း ချစားတဲ့တိုင်တွေက ကျိုး ကြမ်းတွေကကျွံ လက်သမားပေါင်းတစ်သိန်းနဲ့ ပြင်ရတာ ခဏခဏ ခြံဘေးကနေရာလွတ်လေးမှာ အမေက မုန့်ဟင်းခါး လဘက်ရည်ရောင်းစားလိုက် အရက်ဆိုင်လေးဖွင့်လိုက် လူများကိုပစ္စည်းလှောင်ဖို့ငှားလိုက်နဲ့ ရတဲ့ပိုက်ဆံနဲ့စားလဲစား အိမ်လေးလဲပြင် မပြင်နိုင်လဲဒီတိုင်းပဲထား ဝမ်းရေးကခက် ဘဝကကြမ်း ငိုခဲ့ရတဲ့ရက်တွေမနည်းဘူး အပြင်ကနေကြည့်ရင်အိမ်ကြီးကအကြီးကြီး လူတွေကအထင်ကြီး အထဲမှာယိုယွင်းမှုပေါင်းများစွာဘယ်သူမှမသိခဲါကြပဲလေဒီလိုနဲ့ပဲနေခဲ့ရင်းငိုခဲ့ရင်းဘုရားပဲအားကိုးဘာသာရေးတွေလုပ် ရရာအလုပ်တွေအမေလဲလုပ် ကိုယ်ကလဲသီချင်းလေးဘယ်လောက်ပိုက်ဆံရရဆို အကိုြက်ီးကလဲအလုပ်လေးရ ရာထူးလေးကောင်းလာ အဆင်လေးပြေလာခဲ့ရင်းနဲ့ မျက်ရည်တွေတိတ်ခဲ့ရတယ် အိမ်ထဲမှာငိုသံတွေသိပ်မရှိတော့ဘူး ဒါပေမယ့်ရယ်သံတော့မထွက်နိုင်သေးခဲ့ပြန်ဘူး  အကိုကြီးကအိမ်ထောင်ကျ ခွဲနေတော့ အမေရယ် ကိုယ်ရယ် မောင်လေးရယ်ပဲကျန်ခဲ့ကြတယ်
အဲ့အိမ်လေးထဲမှာ ဒီလိုနဲ့ပဲ ကံလေးပေးလို့ အိမ့်ချစ်ဆိုတာ ဖြစ်လာခဲ့ပြီး တော်တော်ကြာမှ ခြံစည်းရိုးလေးတွေကို လှလှပပလေးပြန်ပြင် အိမ်မျက်နှာကျက်တွေလဲ furnitures တွေထပ်ထည့် မီးတွေဆင်နဲ့ အိမ်လေးက ပြန်ကြည့်ကောင်းလာခဲ့တယ် အလုပ်တွေကြိုးစားခဲ့ ကိုယ့်အလုပ်ကိုတန်ဖိုးထားခဲ့တော့ အစစအရာရာ အဆင်ပြေလာခဲ့တယ် ရယ်သံလေးတွေအစပြန်ပြုလာတယ်.. ဒါပေမယ့် အိမ်ထဲမှာ အတိတ်ပေါင်းများစွာရှိနေခဲ့တာမို့ သံယောဇဉ်ရှိပေမယ့် အတိတ်တွေထဲကလွတ်မြောက်ချင်လာတယ် အဲ့အတွက်ခု အိမ်အသစ်ပြောင်းလိုက်ပြီ အမေကအစွဲကြီးတယ် သူငယ်ငယ်လေးထဲကနေခဲ့တဲ့အိမ် သူအိမ်ထောင်တစ်ခုထူထောင်ခဲ့တဲ့အိမ်မို့ အိမ်ထဲက အဖေနဲ့တူတူအိပ်ခဲ့တဲ့ ကုတင်တွေ အဖေ့ဘီဒိုတွေ သူကသယ်ချင်သေးတာ လုံးဝအသယ်မခံဘူး အိမ်အသစ်ကို ပရိဘောဂအကုန်အသစ်အပ်တယ်  အဖေနဲ့အမေရဲ့ကုတင်ကြီးကို ဖျက်ပလိုက်ပြီးသူများပေးသင့်တာတွေပေးပလိုက်တယ် ပိုက်ဆံပေါနေလို့မဟုတ်ပေမယ့် အတိတ်ကအမှတ်ရစရာပစ္စည်းမှန်သမျှ သူများပေးပစ်ပြီးအကုန်အသစ်ဝယ်တယ် ဒီနေ့ အမေရော ကိုယ်ရောငိုတယ် ဘာကြောင့်မှန်းတော့မသိဘူး  ပျော်တာလားဝမ်းနည်းတာလား မသိဘူးးးးး
Beautiful future from now on..!!