လူေၿပာမ်ားေနတဲ့ တဒုန္းဒုန္းျမည္ေနတဲ့ ဗီဒိုႀကီးအေၾကာင္း ပန္ဆယ္လုိ ေၿပာ

အြန္လုိင္းမွာ လူေၿပာမ်ားေနတဲ့ ဗီဒိုၾကီး အေၾကာင္းအြန္လိုင္းဆယ္လီ တစ္ဦးၿဖစ္သူ ပန္ဆယ္လို က ကိုယ္တိုင္သြားေရာက္ေလ့လာခဲ့ၿပီး ၿပန္ရွင္းၿပထားဟာ အင္မတန္လူေၿပာမ်ားေနပါတယ္။ ေအာက္မွာ မူရင္းဗီဒီယို နဲ ့ပန္ဆယ္လုိရဲ့ေရးသားခ်က္ေတြပါ၀င္ပါတယ္ ဖတ္ၾကည့္လုိက္ပါဦး။ ဒါနဲ ့ပတ္သတ္ၿပီး ၿငင္းခုန္မွုေတြရွိေနသလုိ ေလွာင္ေၿပာင္တဲ့ သူေတာ္ေတ္ာမ်ားမ်ားလည္းရွိေနပါတယ္။ 
သိပ္စပ္စပ္စုစုႏိုင္တာပဲလို႔ ေျပာရင္လည္း ခံရမွာပဲ ဂ်ီးေတာ္တို႕ေရ။မေန႔ည ၁၀နာရီေလာက္က Live Video တစ္ခု ၾကည့္လိုက္ရတယ္။ဘာမွမရွိပါဘဲ တဒုန္းဒုန္းျမည္ေနတဲ့ ဗီဒိုႀကီး။ အယ့္လယ္…. မိုက္သဟဆိုၿပီး ၾကည့္ေကာင္းေကာင္းနဲ႔ ထိုင္ၾကည့္ေနလိုက္ေသး။
ခဏေနေတာ့ ဂ႐ုခ်က္ထဲမွာ ကြီးေမာင္ေမာင္ေအးက ေျပာတယ္။အာ့ သူ႔မိတ္ေဆြအိမ္တဲ့။ ခု သြားၾကည့္ေနၿပီဆိုပဲ။ ၾကည့္ခ်င္ရင္လာခဲ့တဲ့။ နာရီၾကည့္ေတာ့ ၁၁နာရီခြဲေနၿပီ။ ငင့္… ဒါႀကီးသြားၾကည့္ၿပီး ည၁၂နာရီေလာက္ႀကီး ကားေမာင္းျပန္ရမွာေတာ့ ေဒၚပန္႔လို သတၱိခဲအေနနဲ႔ ငွင္းငွင္းေပါ့။ ၾကည့္ကလည္း ၾကည့္ခ်င္ဆိုေတာ့ အိပ္ေပ်ာ္ေနရွာတဲ့ အေဖေရာအေမေရာ အကုန္ႏႈိးၿပီးအိပ္ခ်င္မူးတူးနဲ႔ ခ်ီတက္သြားေတာ့တယ္။ ဟိုေရက္ေတာ့ ဇာတ္လိုက္ေက်ာ္ ဗီဒိုႀကီးနဲ႔ ေတြ႕ခဲ့ပါတယ္။ ၿငိမ္ခ်က္သားေကာင္းေနျပန္ေရာ။ကိုယ္က ဗီဒိုထက္ ဗီဒိုပိုင္ရွင္ဦးေလးႀကီးကို ပိုစိတ္ဝင္စားမိတယ္။ အိမ္ထဲဝင္သြားတာနဲ႔ ေရွးေဟာင္းပစၥည္းေတြဆိုတာ မနည္းမေနာပဲ။ ဓါတ္လိုလို နတ္လိုလိုလားလို႔ ေတြးထင္မိသမွ်လည္း ဟီးထေနတဲ့ဘုရားစင္ႀကီးျမင္ၿပီး အားတံု႔အားနာေတာင္ ျဖစ္မိတယ္။ မိခင္ရဲ႕ေျခရာကို ေရႊခ်ၿပီး ကိုးကြယ္ထားတာတို႔ ေရႊသားအစစ္နဲ႔ျပဳလုပ္ထားတဲ့ ဘုရားဆင္းတုေတာ္ေလးေတြကိုလည္း ဖူးခဲ့ရတယ္။ကိုယ္စိတ္ဝင္စားတယ္ဆိုတာက အဲ့ဒီဦးေလးဟာ ၈၈အေရးအခင္းမွာ က်ည္ဆံ၈ခ်က္မွန္ၿပီး အသက္မေသခဲ့ဘူးဆိုတာပဲ။ထုတ္ခ်င္းေပါက္က်ည္ဆန္ရာေတြ၊ ခြဲစိတ္ထားတဲ့ ဓါးဒဏ္ရာေတြဆိုတာ တစ္ကိုယ္လံုးနီးပါးပဲ။ဘဝမွာ က်ည္ဆန္ရာဆိုတာ အခုမွအေသအခ်ာျမင္ဖူးခဲ့တာ။ ပိုအံ့ၾသတာတစ္ခုက ေခါင္းထဲကို ဝင္ထားတဲ့ က်ည္ဆန္တစ္ေတာင့္ဟာ အခုထိထုတ္လို႔မရေသးဘဲ အခုထိရွိေနေသးတယ္ဆိုတာပဲ။ျပည္ပခရီးထြက္တိုင္း ေလဆိပ္က XRay ထဲမွာ ေပၚလို႔သြားေလရာ ေဆးစာယူသြားရတယ္တဲ့။ခဏခဏေသေဘးနဲ႔ ၾကံဳရေပမယ့္ ေသကံမေရာက္ခဲ့တာက မိဘဂုဏ္ေက်းဇူးလို႔ ဦးေလးႀကီးက ေျပာပါတယ္။အမွန္တိုင္းေျပာရရင္ က်ည္ဆန္ရွစ္ခ်က္ထိၿပီး မေသဘူးလို႔ တစ္ေယာက္ေယာက္က ေျပာရင္ ကိုယ္ယံုမွမဟုတ္ဘူး။ မ်က္ျမင္ကိုယ္ေတြ႕ဆိုေတာ့ အသက္ျပင္းလြန္းတဲ့လူပါလား လက္ခံရေတာ့တယ္။ေနာက္တစ္ခုက ဗီဒိုကိစၥ။Live ၾကည့္တုန္းက အသံျမည္ေနတာကို ေနာက္က တစ္ေယာက္ေယာက္ထုေနတာလားလို႔ ေတြးမိတယ္။
ဟိုေရာက္ေတာ့ အဲ့အေတြးကေတာ့ ရွင္းသြားတယ္။ဗီဒိုေနာက္မွာ ဝင္စရာေနရာမရွိသလို အိမ္ရဲ႕အေနအထား ဗီဒိုတည္ရွိပံုအရ ေနာက္က တစ္ေယာက္ေယာက္ ဝင္ထုေနဖို႔ ဘယ္လိုမွ မျဖစ္ႏိုင္တာ ေသခ်ာတယ္။က်န္တာေတာ့ ကိုယ္လည္း ဉာဏ္မမွီလို႔ မေျပာတတ္။ ဒီဗီဒိုကို ရွမ္းျပည္က ဝယ္လာခဲ့တာ၊ လက္ထဲေရာက္ေနတာ ႏွစ္ေပါင္းမ်ားစြာ ၾကာေနပါၿပီတဲ့။ ပံုစံတူဗီဒို သံုးေလးလံုးရွိတဲ့အထဲမွာ ဒီဗီဒိုဟာ ေနရာေရြ႕တာတို႔ ေလထဲေျမာက္ေနတာတို႔ ထူးထူးဆန္းဆန္းေတြ ျဖစ္တတ္ပါတယ္တဲ့။ CCTV မွတ္တမ္းေတြလည္း ရွိပါတယ္တဲ့။ တစ္ေခါက္ကဆို ဗီဒိုေျခေထာက္ကို ႀကိဳးနဲ႔ခ်ည္ေဘးပတ္ဝန္းက်င္မွာ ေပါင္ဒါမႈန္႔ေတြျဖဴးထားၿပီး စမ္းသပ္တာ ေနာက္ေန႔မွာ ေပါင္ဒါမႈန္႔ေတြ ေျခရာလက္ရာမပ်က္ဘဲ ႀကိဳးျပည္ၿပီး ေရွ႕ႏွစ္ေတာင္ေလာက္ ေနရာေရြ႕ေနပါသတဲ့။ဒီဗီဒိုကို ဘုန္းႀကီးေက်ာင္းေတြ အိမ္ေတြကို ေပးပစ္ခဲ့ေပမယ့္ ႏွစ္ရက္သံုးရက္ေနရင္ ျပန္လာယူခိုင္းၾကပါတယ္တဲ့။ ဘာအေၾကာင္းလဲဆိုေတာ့ ဘယ္သူကမွ မေျဖၾကပါဘူးတဲ့။ ငမိုးရိပ္ေခ်ာင္းထဲထိ သြားပစ္တာ ေနာက္ေန႕ အိမ္ေရွ႕ျပန္ေရာက္ေနတာမ်ိဳး ၾကံဳခဲ့ဖူးပါတယ္တဲ့။ကိုယ္တို႔ေရာက္သြားခ်ိန္မွာ အသံေတာ့မၾကားရေတာ့ပါဘူး။ ကိုယ္ထူးဆန္းတယ္လို႔ ထင္မိတာကေတာ့ ဗီဒိုထဲက ရနံ႔ပါ။ဘာနံ႔လို႔ေျပာျပရခက္သလို ရနံ႔က ပံုေသမဟုတ္ဘဲ ျပင္းလိုက္ ေပ်ာက္သြားလိုက္နဲ႔ပါ။ ကိုယ္ေတာ့ ဗီဒိုထဲ ေခါင္းဝင္ၿပီး ခဏခဏ ဝင္အနံ႔ရွဴျဖစ္ေတာ့တာပဲ။ယံုတယ္ မယံုတယ္ေျပာေနတာ မဟုတ္ပါဘူး။သိရသေလာက္ ျပန္ေျပာျပတာ… ကိုယ္လည္း ဉာဏ္မမွီဘူးရယ္။ ဒီဦးေလးရဲ႕ ဘဝအေနအထား လူေနမႈအဆင့္အတန္းဟာ ဖဘမွာ Attention ရွာၿပီး စီးပြားရွာမ႐ိုးမသား လုပ္စရာမလိုတဲ့လူတစ္ေယာက္ဆိုတာေတာ့ သိလိုက္ရတယ္။တစ္ခါတရံ ေလာကမွာ မ်က္စိနဲ႔မျမင္ႏိုင္ အသိတရားနဲ႔ မမွီႏိုင္တာေတြ အမ်ားႀကီးပါလားေပါ့။ထူးဆန္းတာကို ထူးဆန္းတယ္ဆိုတဲ့ ေနရာမွာ ရပ္ထားလိုက္ႏိုင္ရင္ ဥပါဒါန္ေတြ ဥပဒ္ေတြအဆင့္ကို ေရာက္လာႏိုင္စရာအေၾကာင္းမွ မရွိတာပဲေလ။” ဆိုကာ ေဖ့ဘြတ္ခ္မွာေရးသားထားတာၿဖစ္ပါတယ္။Unicode
အွန်လိုင်းမှာ လူပြောများနေတဲ့ ဗီဒိုကြီး အကြောင်းအွန်လိုင်းဆယ်လီ တစ်ဦးဖြစ်သူ ပန်ဆယ်လို က ကိုယ်တိုင်သွားရောက်လေ့လာခဲ့ပြီး ပြန်ရှင်းပြထားဟာ အင်မတန်လူပြောများနေပါတယ်။ အောက်မှာ မူရင်းဗီဒီယို နဲ ့ပန်ဆယ်လိုရဲ့ရေးသားချက်တွေပါဝင်ပါတယ် ဖတ်ကြည့်လိုက်ပါဦး။ ဒါနဲ ့ပတ်သတ်ပြီး ငြင်းခုန်မှုတွေရှိနေသလို လှောင်ပြောင်တဲ့ သူတော်တေ်ာများများလည်းရှိနေပါတယ်။ “သိပ်စပ်စပ်စုစုနိုင်တာပဲလို့ ပြောရင်လည်း ခံရမှာပဲ ဂျီးတော်တို့ရေ။မနေ့ည ၁၀နာရီလောက်က Live Video တစ်ခု ကြည့်လိုက်ရတယ်။ဘာမှမရှိပါဘဲ တဒုန်းဒုန်းမြည်နေတဲ့ ဗီဒိုကြီး။ အယ့်လယ်…. မိုက်သဟဆိုပြီး ကြည့်ကောင်းကောင်းနဲ့ ထိုင်ကြည့်နေလိုက်သေး။ခဏနေတော့ ဂရုချက်ထဲမှာ ကွီးမောင်မောင်အေးက ပြောတယ်။အာ့ သူ့မိတ်ဆွေအိမ်တဲ့။ ခု သွားကြည့်နေပြီဆိုပဲ။ ကြည့်ချင်ရင်လာခဲ့တဲ့။ နာရီကြည့်တော့ ၁၁နာရီခွဲနေပြီ။ ငင့်… ဒါကြီးသွားကြည့်ပြီး ည၁၂နာရီလောက်ကြီး ကားမောင်းပြန်ရမှာတော့ ဒေါ်ပန့်လို သတ္တိခဲအနေနဲ့ ငှင်းငှင်းပေါ့။ ကြည့်ကလည်း ကြည့်ချင်ဆိုတော့ အိပ်ပျော်နေရှာတဲ့ အဖေရောအမေရော အကုန်နှိုးပြီးအိပ်ချင်မူးတူးနဲ့ ချီတက်သွားတော့တယ်။ ဟိုရေက်တော့ ဇာတ်လိုက်ကျော် ဗီဒိုကြီးနဲ့ တွေ့ခဲ့ပါတယ်။ ငြိမ်ချက်သားကောင်းနေပြန်ရော။ကိုယ်က ဗီဒိုထက် ဗီဒိုပိုင်ရှင်ဦးလေးကြီးကို ပိုစိတ်ဝင်စားမိတယ်။ အိမ်ထဲဝင်သွားတာနဲ့ ရှေးဟောင်းပစ္စည်းတွေဆိုတာ မနည်းမနောပဲ။ ဓါတ်လိုလို နတ်လိုလိုလားလို့ တွေးထင်မိသမျှလည်း ဟီးထနေတဲ့ဘုရားစင်ကြီးမြင်ပြီး အားတုံ့အားနာတောင် ဖြစ်မိတယ်။ မိခင်ရဲ့ခြေရာကို ရွှေချပြီး ကိုးကွယ်ထားတာတို့ ရွှေသားအစစ်နဲ့ပြုလုပ်ထားတဲ့ ဘုရားဆင်းတုတော်လေးတွေကိုလည်း ဖူးခဲ့ရတယ်။ကိုယ်စိတ်ဝင်စားတယ်ဆိုတာက အဲ့ဒီဦးလေးဟာ ၈၈အရေးအခင်းမှာ ကျည်ဆံ၈ချက်မှန်ပြီး အသက်မသေခဲ့ဘူးဆိုတာပဲ။ထုတ်ချင်းပေါက်ကျည်ဆန်ရာတွေ၊ ခွဲစိတ်ထားတဲ့ ဓါးဒဏ်ရာတွေဆိုတာ တစ်ကိုယ်လုံးနီးပါးပဲ။ဘဝမှာ ကျည်ဆန်ရာဆိုတာ အခုမှအသေအချာမြင်ဖူးခဲ့တာ။ ပိုအံ့သြတာတစ်ခုက ခေါင်းထဲကို ဝင်ထားတဲ့ ကျည်ဆန်တစ်တောင့်ဟာ အခုထိထုတ်လို့မရသေးဘဲ အခုထိရှိနေသေးတယ်ဆိုတာပဲ။ပြည်ပခရီးထွက်တိုင်း လေဆိပ်က XRay ထဲမှာ ပေါ်လို့သွားလေရာ ဆေးစာယူသွားရတယ်တဲ့။ခဏခဏသေဘေးနဲ့ ကြုံရပေမယ့် သေကံမရောက်ခဲ့တာက မိဘဂုဏ်ကျေးဇူးလို့ ဦးလေးကြီးက ပြောပါတယ်။အမှန်တိုင်းပြောရရင် ကျည်ဆန်ရှစ်ချက်ထိပြီး မသေဘူးလို့ တစ်ယောက်ယောက်က ပြောရင် ကိုယ်ယုံမှမဟုတ်ဘူး။ မျက်မြင်ကိုယ်တွေ့ဆိုတော့ အသက်ပြင်းလွန်းတဲ့လူပါလား လက်ခံရတော့တယ်။နောက်တစ်ခုက ဗီဒိုကိစ္စ။Live ကြည့်တုန်းက အသံမြည်နေတာကို နောက်က တစ်ယောက်ယောက်ထုနေတာလားလို့ တွေးမိတယ်။ဟိုရောက်တော့ အဲ့အတွေးကတော့ ရှင်းသွားတယ်။ဗီဒိုနောက်မှာ ဝင်စရာနေရာမရှိသလို အိမ်ရဲ့အနေအထား ဗီဒိုတည်ရှိပုံအရ နောက်က တစ်ယောက်ယောက် ဝင်ထုနေဖို့ ဘယ်လိုမှ မဖြစ်နိုင်တာ သေချာတယ်။ကျန်တာတော့ ကိုယ်လည်း ဉာဏ်မမှီလို့ မပြောတတ်။ ဒီဗီဒိုကို ရှမ်းပြည်က ဝယ်လာခဲ့တာ၊ လက်ထဲရောက်နေတာ နှစ်ပေါင်းများစွာ ကြာနေပါပြီတဲ့။ ပုံစံတူဗီဒို သုံးလေးလုံးရှိတဲ့အထဲမှာ ဒီဗီဒိုဟာ နေရာရွေ့တာတို့ လေထဲမြောက်နေတာတို့ ထူးထူးဆန်းဆန်းတွေ ဖြစ်တတ်ပါတယ်တဲ့။ CCTV မှတ်တမ်းတွေလည်း ရှိပါတယ်တဲ့။ တစ်ခေါက်ကဆို ဗီဒိုခြေထောက်ကို ကြိုးနဲ့ချည်ဘေးပတ်ဝန်းကျင်မှာ ပေါင်ဒါမှုန့်တွေဖြူးထားပြီး စမ်းသပ်တာ နောက်နေ့မှာ ပေါင်ဒါမှုန့်တွေ ခြေရာလက်ရာမပျက်ဘဲ ကြိုးပြည်ပြီး ရှေ့နှစ်တောင်လောက် နေရာရွေ့နေပါသတဲ့။ဒီဗီဒိုကို ဘုန်းကြီးကျောင်းတွေ အိမ်တွေကို ပေးပစ်ခဲ့ပေမယ့် နှစ်ရက်သုံးရက်နေရင် ပြန်လာယူခိုင်းကြပါတယ်တဲ့။ ဘာအကြောင်းလဲဆိုတော့ ဘယ်သူကမှ မဖြေကြပါဘူးတဲ့။ ငမိုးရိပ်ချောင်းထဲထိ သွားပစ်တာ နောက်နေ့ အိမ်ရှေ့ပြန်ရောက်နေတာမျိုး ကြုံခဲ့ဖူးပါတယ်တဲ့။ကိုယ်တို့ရောက်သွားချိန်မှာ အသံတော့မကြားရတော့ပါဘူး။ ကိုယ်ထူးဆန်းတယ်လို့ ထင်မိတာကတော့ ဗီဒိုထဲက ရနံ့ပါ။ဘာနံ့လို့ပြောပြရခက်သလို ရနံ့က ပုံသေမဟုတ်ဘဲ ပြင်းလိုက် ပျောက်သွားလိုက်နဲ့ပါ။ ကိုယ်တော့ ဗီဒိုထဲ ခေါင်းဝင်ပြီး ခဏခဏ ဝင်အနံ့ရှူဖြစ်တော့တာပဲ။ယုံတယ် မယုံတယ်ပြောနေတာ မဟုတ်ပါဘူး။သိရသလောက် ပြန်ပြောပြတာ… ကိုယ်လည်း ဉာဏ်မမှီဘူးရယ်။ ဒီဦးလေးရဲ့ ဘဝအနေအထား လူနေမှုအဆင့်အတန်းဟာ ဖဘမှာ Attention ရှာပြီး စီးပွားရှာမရိုးမသား လုပ်စရာမလိုတဲ့လူတစ်ယောက်ဆိုတာတော့ သိလိုက်ရတယ်။တစ်ခါတရံ လောကမှာ မျက်စိနဲ့မမြင်နိုင် အသိတရားနဲ့ မမှီနိုင်တာတွေ အများကြီးပါလားပေါ့။ထူးဆန်းတာကို ထူးဆန်းတယ်ဆိုတဲ့ နေရာမှာ ရပ်ထားလိုက်နိုင်ရင် ဥပါဒါန်တွေ ဥပဒ်တွေအဆင့်ကို ရောက်လာနိုင်စရာအကြောင်းမှ မရှိတာပဲလေ။” ဆိုကာ ဖေ့ဘွတ်ခ်မှာရေးသားထားတာဖြစ်ပါတယ်။
မူရင္း ဗီဒီယိုလင့္ – ဗီဒိုၾကီးအေၾကာင္း