နေ့ချင်းညချင်းအွန်လိုင်းဆယ်လီ ဖြစ်သွားတဲ့အပြုံးပိုင်ရှင်ရဲ
မေလ ၁၂ ရက်နေ့ကတာမွေ မှာဖြစ်ပျက်ခဲ့တဲ့ ငြိမ်းချမ်းရေးအတွက်ဆန္ဒပြပွဲဟာရုန်းရင်းဆန်ခက် နဲ့ပြီးဆုံးခဲ့ပေမယ့် ရဲတပ်ဖွဲ့ဝင်တဦးဖြစ်တဲ့သူတယောက်ရဲ့ ဆန္ဒပြသူတွေကိုတားဆီးနေတဲ့အချိန်မှာ ၊ အားရပါးရ ပြုံးနေတဲ့ပုံကတော့ လူမှုကွန်ယက်ပေါ်မှာ ပြန့်နှံ့သွားသလို ၊ ပြုံးရယ်နေတဲ့ ရဲဝန်ထမ်းရဲ့ ပုံတွေကို meme ပြုလုပ်ပြီး ရှဲ တဲ့သူတွေလည်း အတော်များပါတယ်။ ဒါနဲ့ပတ်သတ်ပြီး ရဲဝန်ထမ်းဖြစ်သူ ကိုဝေယံ က ဖေ့ဘွတ်ခ်ပေါ်မှာ ယခုလို ရေးသားထားပါတယ်။ “ကျွန်တော်သူများကိုလောင်ရီရီတာမဟုတ်ပါဘူးကျွန်တော့်သူတို့ကိုမခန့်လေးစားလုပ်တာလည်းမဟုတ်ပါဘူးကျွန်တော်ကတလေးတစားနဲ့သူတို့ဘယ်လောက်ရှိုင်းရှိုင်းဘယ်လောက်ပဲကြမ်းတမ်းပါစေကျွန်တော်တို့မြန်မာနိုင်ငံရဲတပ်ဖွဲ့ကအပြုံးမပျက်ပဲကြင်ကြင်နာနာဆတ်ဆံတက်တယ်ဆိုတာကျွန်တော်သက်သေပြလိုက်တာပါကျွန်တော်မှားတာရှိရင်လည်းတောင်းပန်ပါတယ်ကျေးဇူးတင်ပါတယ်ဗျ” ဟု ရှင်းလင်းထားပါတယ်။ဒီဖြစ်ရပ်နဲ့ပတ်သတ်ပြီး နာမည်ကြီး အနုပညာရှင်တော်တော်များများကလည်း ရဲဝန်ထမ်း ရဲ့ meme ပုံတွေကို လူမှုကွန်ယက်တွေမှာ သဘောကျလို့ရယ်မောစရာအဖြစ် ရှဲနေကြတာကိုတွေ့ရပါတယ်။ လူမှုကွန်ယက်ပေါ်မှာ ပြန့်နှံ့နေတဲ့ ဓာတ်ပုံတွေကို ပပဝတီက စုစည်းတင်ဆက်လိုက်ပါတယ်။ တပုံချင်းကြည့်နော်။
ဓာတ်ပုံတွေမှာ လူမှုကွန်ယက်မှာပြန့်နှံ့နေသော ဓာတ်ပုံတွေဖြစ်ပါတယ်။