အိချောပို နဲ့ အချစ်ရူးကြီးရူးတော့မယ်ရိုက်ကွင်းပုံရိပ်များ


Unicode
အိချောပို ကတော့ ပရိသတ်တွေရဲ့ရင်ကို ရုပ်ရှင်ရိုက်ကွင်းကဓာတ်ပုံတွေတင်ပြီးဖမ်းစားလိုက်ပြန်ပါပြီ။ အချစ်ရူးကြီးရူးတော့မယ် ရုပ်ရှင်ဇာတ်ကားမှာ နီနီရောင် အဖြစ် သရုပ်ဆောင်ထားပါတယ်လို့ပြောတဲ့အိချောပိုဟာ ခန့်စည်သူ ၊ မင်းမော်ကွန်း တို့နဲ့အတူတွဲဖက်သရုပ်ဆောင်နေတာဖြစ်ပါတယ်။ စူစူ လို့ချစ်စနိုး နဲ့ခေါ်တဲ့ အိချောပို ဟာ ဒီဇာတ်ကားမှာ မြန်မာဝတ်စုံ နဲ ကော လူငယ် ဖက်ရှင်ပုံလေးတွေနဲ့ပါလှနေတာကိုတွေ့ရပါတယ်။ ဒီရုပ်ရှင်ကားကို ဒါရိုက်တာ ပြည်ဟိန်းသီဟ က ရိုက်ကူးနေတာဖြစ်ပါတယ်။

ပရိသတ်တွေကတော့ အချစ်တွေ..ရူးသွားအောင်ကို သူက သရုပ်ဆောင်ပြတော့မှာ..ဒီဇာတ်ကားကြီး လက်လွတ်လို့ မရဘူး ၊အို ဘယ်လိုလေး လှနေပြန်တာလဲ စူစူ တစ်နေ့တစ်နေ့ လှ လှ လွန်းလို့ ဘယ်လိုအလှမျိုးဆိုတာတောင်မပြောတတ်တော့ပါဘူးလေ ၊ ဘယ်သူနဲ့မှမတူတဲ့စတိုင်လေးတွေကြောင့်ပို၍ချစ်ရသည် ပို၍အားပေးသည် စသည် စသည်ရေးကာအားပေးထားတာကိုတွေ့ရပါတယ်။