ရွှေထူးကချစ်သူနဲ့ လမ်းခွဲလိုက်တာကြာပါပြီလို့ Liveလွှင့်ကာပြောဆို

ရွှေထူး က ဒီနေ့ မှာ ပရိသတ်တွေကို သူ့ရဲ့အချစ်ရေးနဲ့ ပတ်သတ်ပြီး အသိပေး ကြေငြာလိုက်ပါတယ်။ ရွှေထူးက ဖေ့ဘွတ်ခ် မှာ တိုက်ရိုက် ဗီဒီယိုလွှင့်ကာပြောသွားတာဖြစ်ပြီး ပြောတဲ့အချိန်မှာ မျက်နှာမကောင်းသလို ၊ live ကြည့်နေတဲ့ ပရိသတ်တွေကလည်း အတော်အံ့အားသင့်သွားကြပါတယ်။ရွှေထူးက ကျွန်တော်တို့ Relationship က ပြီးသွားတာ ကြာပါပြီ။ တစ်ယောက်နဲ့တစ်ယောက် အဆင်မပြေလို့ လမ်းခွဲလိုက်ကြတာပါ။ အဲ့ဒါကို အကုန်လုံးကို ပြောပြချင်လို့ Live လွှင့်လိုက်တာပါ။ ကျွန်တော့်ကို ချစ်တဲ့သူတွေ ကျွန်တော့်သီချင်းတွေ ချစ်တဲ့သူတွေအားလုံး ကျွန်တော့်ကို ဆက်ချစ်ပေးပါ။ကျွန်တော့်တို့ Relationship ကို ချစ်တဲ့သူတွေအားလုံးကိုတော့ ကျွန်တော့်ကို ချစ်ပါလို့ မတောင်းဆိုပါဘူး။ကျွန်တော်တစ်ခါမှ ဒီလိုမပြောဖူးဘူးဆိုတာ အားလုံးသိမှာပါ။ ကျွန်တော်တို့ လမ်းခွဲလိုက်ပါပြီကျွန်တော့်ဘက်က အတိအလင်းပြောပြတာပါ။ မီဒီယာတွေ အကုန်လုံးကိုလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ လည်း ခဏလောက်ဘယ်သူမှ မမေးပါနဲ့လို့ တောင်းဆိုချင်ပါတယ်။ ကျွန်တော်ဝမ်းမနည်း ပါဘူး။ ဒီတိုင်းပဲ အလုပ်ဆက်လုပ်သွားမယ်။ သီချင်းဆက်ဆိုမယ်။ ကျွန်တော့်ကို အားပေးသည်ဖြစ်စေမပေးသည်ဖြစ်စေ သီချင်းတွေ ဆက်ဆိုမယ်။ ကျွန်တော့်ရဲ့ အနုပညာကို အားပေးကြလို့ ပြောချင်ပါတယ်။ ” လို့ ပြောခဲ့ပါတယ်။ရွှေထူးရဲ့ ချစ်သူဖြစ်သူ မယမင်းဦး ကတော့ ရွှေထူး ရဲ့ ကိစ္စ နဲ့ ပတ်သတ်ပြီး ဘာမှဖြေရှင်းသွားမှာမဟုတ်ကြောင်း ဖေ့ဘွတ်ခ်မှာရေးသားခဲ့ပြီး
“ဒါဒါ့ရဲ့ဂုဏ်သိက္ခာကို ဘယ်သူမှ စော်ကားတဲ့ စကားလုံးတွေ မပြောသ၍ ဒါဒါဘာမှရှင်းမှာမဟုတ်ဘူး.Hey dude, let’s be honest when the time comes ” ။ရွှေထူး ရဲ့ ချစ်သူ ဟာ ယခုအချိန်မှာ သြစတေးလျ နိုင်ငံမှာပဲနေထိုင်လျက်ရှိသလို Relationship ကိုဖြုတ်ချထားခြင်းလည်းမရှိပါဘူး။ရွှေထူးတို့ ရဲ့အချစ်ရေးဟာ long distance relationship ဖြစ်ပြီး ၊ ချစ်သူသက်တမ်း ၆ နှစ်ကျော်ကြာ လက်တွဲထားနိုင်လို့ မြင်သူတကာအားကျရတဲ့ အချစ်စုံတွဲလို့ လည်း ပရိသတ်က သတ်မှတ်ထားရတဲ့ ချစ်သူတွေဖြစ်ကြပါတယ်။