ပရိသတ်တွေအတွက်ပုံကြွေးဆပ်လိုက်တယ်ဆိုတဲ့ အိန္ဒြာကျော်ဇင်
နာမည်ကြီးရုပ်ရှင်သရုပ်ဆောင် အိန္ဒြာကျော်ဇင် က ခုတလော နယ်ဖက်ခရီးထွက်ပြီး ရုပ်ရှင်ရိုက်လို့နေပါတယ်။ ခုတလော ဓာတ်ပုံတွေမတင်ဖြစ်တဲ့ အူဝဲ က ပရိသတ်ကြီးအတွက် ပုံကြွေးဆပ်လိုက်တယ်ဆိုပြီး ဖက်ရှင်ပုံလှလှလေးတွေနဲ့အနားယူနေတဲ့ပုံလေးတွေကိုတင်ထားပါတယ်။
ပုံတွေထဲမှာ မြန်မာရှေးဟောင်းခေတ်ဝတ်စုံနဲ့ပုံလေးတွေပါသလို ၊ အနားယူရင်းပေါ့ပေါ့ပါးပါးလေးဝတ်စားထားပြီးလှနေတဲ့ပုံလေးတွေပါတယ်နော်။ ပပဝတီ ပုံလေးတွေသဘောကျတယ်ဆို သိမ်းထားနော်။
အူဝဲက ပြီးခဲ့တဲ့အပတ်ကလည်း ဒီလိုရေးထားပါတယ်။ ကျယ်မ ပိတ်သတ်က ပုံတွေမတင်လို့ ဂယက်ထကြသောအခါကျယ်မကရိုက်ကွင်းပုံတွေ အများကြီးတင်လို့မရတာကတစ်ကြောင်း,ကျယ်မက ဓါတ်ပုံတွေရိုက်ရိုက်ပြီးရင် ကိုယ့်ပုံကိုကြည့်ကြည့်ပြီးမကြိုက်တာကတစ်ကြောင်း,post တစ်ခါ တစ်ခါတင်ဖို့ကို ဝန်လေးတာကတစ်ကြောင်း မို့လို့။ဒီတစ်ခါတော့ ကျယ်မပုံလေးတွေစုတင်လိုက်ပါတယ်လို့။ပြင်ဦးလွင်ရောက်နေတော့ကာ ကဆုန်ညောင်ရေကလဲ နှစ်တိုင်းသွန်းနေကျဆိုတော့ ရုက္ခဗေဒဥယျာဉ်မှာသွားသွန်းလိုက်ပါတယ် အဲ့ပုံလေးတွေရယ် ရိုက်ကွင်းပုံလေးတစ်ချို့ရယ်, နဲနဲစိတ်တိုင်းကျတဲ့ပုံလေးတွေရယ် တင်လိုက်ပါတယ် မိုင်fanများ.