သရုပ်ဆောင်ထွန်းထွန်းထိန်ပင်အမှိုက်မီးငြိမ်းသတ်နေတဲ့မီးသတ်သမားကြီးတွေအတွက်သွားရောက်လှူဒါန်း
[Unicode]
လှိုင်သာယာမြို့နယ် ထိန်ပင် အမှိုက်ပုံ မီးလောင်ကျွမ်းမှုကို ဆိုးဝါးတဲ့ အနံ့တွေကြားမှာ မီးငြိမ်းသတ်နေတဲ့ မီးသတ်သမားကြီးတွေအတွက် ထွန်းထွန်းက ဒါနအလှူ သွားရောက်လှူခဲ့တယ်လို့သိရပါတယ် ။ သူတို့မှာ စားရေးသောက်ရေးအခက်အခဲရှိတယ်လို့ စုံစမ်းသိရှိရပါတယ် ပိုက်ဆံရှိရင်တောင် အဲ့နားမှာဘာမှမရှိတော့ ဘာမှဝယ်မရဖူးဖြစ်နေတော့ ရေသန့်,ဓာတ်ဆားရည် , mask နှင့် တခြားလိုအပ်တဲ့စားသောက်စရာများ သွားရောက်လှူဒါန်းလိုပါတယ်ခင်ဗျာ လို့မနေ့ကရေးခဲ့တာပါ။ဒီနေ့မနက်မှာတော့ ထွန်းထွန်းက “အခုမနက်ပဲ ရောက်ခဲ့တယ်။ အများကြီးမဟုတ်ပေမယ့် နိုင်သလောက်ပေါ့။ အအေးတွေ ထမင်းစားစရာတွေ ဆေးတွေ မုန့်တွေ ကို HZ ရဲ့ စီစဉ်မှု #WLTTE တွေရဲ့ကောင်းမှုနဲ့ ကုသိုလ်ပြု ပေးခဲ့တယ်ဗျာ။ တာဝန်ကျေပွန်အောင်ထမ်းဆောင်နေကြတဲ့ ဆိုင်ရာပုဂ္ဂိုလ် အပေါင်းကို တကယ်လေးစားပါတယ်ဗျာ။ ကျန်းမာရွှင်လန်းကြပါစေ ” ဆိုပြီး ရေးထားပါတယ်။