အမှုပိတ်ပေးဖို့တောင်းဆိုလိုက်တဲ့အစ္စဏီရဲ့မိသားစု
အဆိုတော်အစ္စဏီ ရဲ့ ဟာအလိုမတူဘဲ အဓမ္မပြုကျင့်မှုကြောင့် လက်ရှိအချိန်မှာ တာမွေရဲစခန်းမှာထိန်းသိမ်းခြင်းခံထားပါတယ်။ ပရိသတ်တွေစိတ်ဝင်စားနေတဲ့ ဒီဖြစ်ရပ်ရဲ့နောက်ဆက်တွဲသတင်းအရ အစ္စဏီ ရဲ့ မိသားစုက အမှုကို ပိတ်ပေးဖို့ မော်ဒယ်စူးရှထက် ကို ပြောဆိုခဲ့သလို မီဒီယာကို ထပ်ပြီး အမှုကိစ္စနဲ့ ပတ်သတ်ပြီး မဖြေကြားဖို့ ပြောခဲ့တယ်လို့ သတင်းတွေမှာဖော်ပြထားပါတယ်။ဒါပေမယ့်တရားလိုအဖြစ်တိုင်တန်းထားတဲ့ မော်ဒယ်စူးရှထက်ကတော့ အဆိုပါ အမှုအတွက် နောက်ဆုံးအချိန်ထိ တရားစွဲဆိုသွားမယ်လို့ သိရပါတယ်။ မော်ဒယ် စူးရှထက် ကို အင်တာဗျူးထားတဲ့ ဗီဒီယိုတွေကိုလည်း ပရိသတ်တွေဟာ ကြည့်အပြီးမှာ အတော်ကိုတုန်လှုုပ်သွားကြပါတယ်။ဒါ့အပြင် ယနေ့ လူမှုကွန်ယက်ပေါ်ပြန့်နှံ့လာတဲ့ စကင်ရင်ရှော့တွေဟာလည်း သူပြောဆိုခဲ့တာတွေမှန်ပေမယ့် တင်တဲ့သူတွေဟာ မူရင်းဖြစ်တဲ့ စာတစ်ချို့ကို ဖျောက်ဖျက်ထားတယ်လို့ ပြောပါတယ်။အဲ့သည့်အတွက် သူကိုယ်တိုင် ပြန်လည်းရှင်းလင်းသွားမယ်လို့သိရပါတယ်။” ထပ်ပြီးတော့ အမှုတွေကို မဖွင့်ပါနဲ့တော့။ ဒီလိုအလိုမတူတဲ့ မုဒိမ်းမှုဆိုတာ ဒါ အလိုမတူဘူးလေ သမီးကို အတင်းအဓမ္မမတရားနှိပ်စက်တာ အလိုတူရင်တောင် ဒီလို ဒဏ်ရာတွေ ရလာစရာမလိုဘူး။ သမီးနေရာမှာ ကိုကြီးတို့ ညီမလေးသာဆို ဘယ်လိုလုပ်မလဲဆိုကော ဖုန်းချသွားတယ် ” လို့ မော်ဒယ်စူးရှထက် က ပြောပါတယ်။
ဖြစ်စဉ်အကျဉ်းမှာ ဧပြီလ ၁၂ရက်နေ့က မော်ဒယ် စူးရှထက်ကို သူရဲ့ ရည်းစားဟောင်းဖြစ်တဲ့ အဆိုတော် အစ္စဏီကနေ အလိုမတူဘဲ အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့ပါတယ်။အဓမ္မပြုကျင့်တာတွေအပြင် တစ်ခြား ကိုယ်လက်အင်္ဂါတွေကိုလည်း ရိုက်နှက်ခဲ့သလို ခြေဖဝါးတွေကိုလည်း ပုလင်းကွဲတွေနဲ့ ထိုးတာတွေပါ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။” လက်သည်းတွေ လှန်ချိုး သွားတွေရိုက်ချိုးပြီး မေ့မျောလုနီးပါးဖြစ်ကာနီးမှ ကာမဆက်ဆံပြုချင်းဟာ အလိုမတူဘဲ ပြုချင်းပဲဖြစ်ပါတယ်။ စီရင်ထုံးလည်းရှိပါတယ် ” လို့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင် က ပြောပါတယ်။ ဧပြီလ ၁၆ရက်နေ့မှာလည်း အဆိုတော် အစ္စဏီ ကို မူးယစ်ဆေးဝါးသုံးစွဲထားမှု ရှိမရှိ စစ်ဆေးသွားမယ်လို့ တာမွေရဲစခန်း က တစ်ဆင့် သိရပါတယ်။