အေးမြတ်သူနဲ့ အညာသင်္ကြန်



[Unicode]
သရုပ်ဆောင် အေးမြတ်သူ ကတော့ ပရိသတ်တွေချစ်တာလည်းမပြောပါနဲ့။ ဒီနှစ်သင်္ကြန်မှာလည်းအများနဲ့မတူ အညာသင်္ကြန် ကို မကွေးမြို့နယ် ၊ ကြာကန်ကျေးရွာမှာ နွားလှည်းတွေနဲ့ရေပက်ခံထွက်ခဲ့တဲ့ပုံလေးတွေဟာလူမှုကွန်ယက်မှာ ရေပန်းစားလူကြိုက်များနေပါတယ်အေးမြတ်သူ ဓာတ်ပုံတွေနဲ့ယခုလိုရေးထားပါတယ်။၁၃၇၉ခုနှစ် မြန်မာအတာသင်္ကြန် အကြိုနေ့လေးမမြတ်လေး အတွက် အရမ်းပျော်စရာကောင်းတဲ့အညာသင်္ကြန်လေးရှင့် ရိုးသားပြီးဖော်ရွေလွန်းတဲ့ မကွေးမြို့နယ် ကြာကန်ကျေးရွာ မှာ နွားလှည်းတွေနဲ့ရေပတ်ခံထွက်ခဲ့တဲ့ အညာကျေးလက်သင်္ကြန်လေးမှာ မမြတ်လေး အရမ်းပျော်နေပါတယ် လို့ချစ်ရသူတွေ အားလုံး အတာသင်္ကြန် မှာ ပျော်ရွှင်ပါစေရှင့် လို့ရေးသားထားပါတယ်။ ဓာတ်ပုံတွေကတော့ တေဇာဝင်း နဲ့တမာကိုကို(အောင်နိုင်)တို့ဖြစ်ကြပါတယ်။