Group Chat ဂယက္ေနာက္ဆက္တဲြဇာဂနာရဲ့ေဖ့ဘြတ္ခ္အေကာင့္အဟက္ခံရ

Group Chat ဂယက္ရဲ့ေနာက္ဆက္တဲြကိစၥေတြမွာ ထပ္မံအဟက္ခံလုိက္ရတဲ့သူကေတာ့ ဟာသလူရႊင္ေတာ္ ဇာဂနာပဲၿဖစ္ပါတယ္။ 9MC လို ့အမည္ရတဲ့အဖဲြ့က ဇာဂနာ ရဲ့အေကာင့္ကို ဟက္ခဲ့တာၿဖစ္ၿပီး ပရိုဖိုင္ ဓာတ္ပံုကိုေၿပာင္းထားသလုိ ၊ နာမည္ကိုလည္း ဦးကတံုးအရွုပ္ေတာ္ပံုဆိုၿပီး ေၿပာင္းထားကာGroup Chat အတုပါ လို႔ ေျပာဆိုေၾကာင္းကို ဝန္ခံေပးပါ ဦးဇာဂနာ လုိ ့ေတာင္းဆိုထားတာေတြ့ရပါတယ္။

ဒါရိုက္တာ ကိုေပါက္ရဲ့အေကာင့္ကိုေတာ့ ၿပန္ေပးထားၿပီး ၿဖစ္ေၾကာင္းသိရပါတယ္ ။ ဇာဂနာ ဟာ အၿခား သရုပ္ေဆာင္မ်ားၿဖစ္တဲ့ ေနမင္း နဲ ့ ကိုေပါက္လုိ ၀န္ခံမွသာအေကာင့္ကိုၿပန္ရဖြယ္ရွိပါတယ္။

[Unicode]
Group Chat ဂယက်ရဲ့နောက်ဆက်တွဲကိစ္စတွေမှာ ထပ်မံအဟက်ခံလိုက်ရတဲ့သူကတော့ ဟာသလူရွှင်တော် ဇာဂနာပဲဖြစ်ပါတယ်။ 9MC လို့အမည်ရတဲ့အဖွဲ့က ဇာဂနာ ရဲ့အကောင့်ကို ဟက်ခဲ့တာဖြစ်ပြီး ပရိုဖိုင် ဓာတ်ပုံကိုပြောင်းထားသလို ၊ နာမည်ကိုလည်း ဦးကတုံးအရှုပ်တော်ပုံဆိုပြီး ပြောင်းထားကာGroup Chat အတုပါ လို့ ပြောဆိုကြောင်းကို ဝန်ခံပေးပါ ဦးဇာဂနာ လို့တောင်းဆိုထားတာတွေ့ရပါတယ်။ ဒါရိုက်တာ ကိုပေါက်ရဲ့အကောင့်ကိုတော့ ပြန်ပေးထားပြီး ဖြစ်ကြောင်းသိရပါတယ်။ ဇာဂနာ ဟာ အခြား သရုပ်ဆောင်များဖြစ်တဲ့ နေမင်း နဲ ့ ကိုပေါက်လို ဝန်ခံမှသာအကောင့်ကိုပြန်ရဖွယ်ရှိပါတယ်။