Group Chat ဂယက်ကို စည်သူမောင်ရှင်းလင်း

အကယ်ဒမီပေးပွဲအပြီး ဂယက်ထက်နေတဲ့ Group Chat ကိစ္စမှာ စည်သူမောင် လည်း ပါဝင်သူဖြစ်သည့်အလျောက်ဖြေရှင်းချက်တွေကို ဖေ့ဘွတ်ခ်အကောင့်မှာ ပြောဆိုထားပါတယ်။ ရုပ်ရှင် ဥက္ကဌ ဦးဇင်ဝိုင်းကိုယ်တိုင် လူငယ်များကိုယ်စားတောင်းပန်ပါတယ်လို့ သတင်းစာရှင်းလင်းပွဲပြီးမှာ စည်သူမောင် ယခုလို ရှင်းပြခဲ့တာပါ။ အခြားအနုပညာရှင်များဖြစ်တဲ့ စိုးမြတ်နန္ဒာ ရဲ့ Char Coal , ခန့်စည်သူရဲ့ – Kyaw Soe Win ဖေ့ဘွတ်ခ်အကောင့်တွေကတော့ လတ်တလောအချိန် deactivate လုပ်သွားတာဖြစ်ပြီး အချို့ ကလည်းဝန်မခံပဲ တိတ်တိတ်သာနေနေကြတာကိုတွေ့ရတယ်လို့ ပရိသတ်တွေက ပြောနေကြပါတယ်။စည်သူမောင်ရှင်းထားတာကတော့ ဒီလိုပါ။ ပရိသတ်ကြီးလည်း စည်သူမောင် ရေးထားတာကိုဖတ်ပြီးရင် ရှင်းသွားလောက်ပြီနဲ့ တူပါတယ်။
ဒီကိစ္စနဲ့ ပက်သက်ပြီး ကျနော်ဘာမှမပြောဘူး မရှင်းဘူး လို့ ဆုံးဖြတ်ထားခဲ့ပါတယ်အကြောင်းအမျိုးမျိုးကြောင့်လို့ပဲ ခေါင်းစဉ်တပ်ပါရစေ။
ကိုယ့်လောကသားတွေရဲ့ အတွင်းရေး ဖြစ်နေတာ။အစည်းအရုံးဥက္ကဌ ဦးဌေး ကိုယ်တိုင်က လူကြီးပီပီ ကလေးတွေ အားလုံးကိုယ်စား သူအားလုံးတာဝန်ယူပါ့မယ် ဆိုပြီး တရားဝင်ဖြေကြားပေးခဲ့တာ။ဒီကိစ္စနောက်ကွယ်က ရည်ရွယ်ချက် ဘာရှိလဲဆိုတာ ဉာဏ်မမှီခဲ့တာ။ကိုယ်လွတ်ရုန်းတယ် ဘာညာ စသဖြင့်ပေါ့ဗျာ။အများကြီးပါပဲခုတော့ ကျနော် တယောက်ထဲနဲ့ ပက်သက်တဲ့ ကိစ္စတွေကိုပဲ ရှင်းပြပါ့မယ်
(1) ပုံ ၁ မှာ ကျနော် လက်မထောင်ခဲ့တယ် ဘာကြောင့်လဲ?အဲ့အချိန်က Debate တခုအတွက် ရုပ်ရှင်လောကအတွက် အကျိုးမရှိ လောကသားချင်း အချင်းများတာမျိုးမဖြစ်စေချင်လို့ သတိထားသင့်တယ် ပြောပါတယ်။အဲ့ဒါကို ကျနော် ထောက်ခံလို့ လက်မထောင်ခဲ့ပါတယ်
(2)ပုံ ၂ မှာ တာတေကြီးလိုကားမျိုး ရတဲ့အချိန် ကုန်ကျစားရိတ် ကိုနေတိုးရဲ့ သရုပ်ဆောင်မှုမျိုး လိုက်လုပ်ကြည့်ပါလား လို့ အချင်းချင်းပြောကြတယ်။
ကျနော် စ နောက်တဲ့ သဘောနဲ့ ” ရူးတောင် သွားဦးမယ် ” လို့ ပြန်ရေးခဲ့တယ်။ဒီစကားဟာ သူငယ်ချင်းအချင်းချင်းတခါတလေ စနောက်ရင်းပြောကြတဲ့သဘောပါ။ဘယ်သူ့ကိုမှ နစ်နာစေတဲ့စိတ် မရှိခဲ့ပါဘူးဆိုတာ သိမယ်ထင်ပါတယ်။(3)ပုံ ၃ မှာ ကိုမောင်မောင်အေး တင်တဲ့ပိုစ့်ကိုမြင်တော့ စိတ်မကောင်းဖြစ်မိပါတယ်။
ကိုယ့်လောကသားတွေ ဘယ်လိုဖြစ်နေနေ သူများတွေလှောင်တာ ပြောင်တာမြင်တော့ စိတ်မကောင်းဘူး မခံချင်ဖြစ်မိတယ်။ဒါပေမယ့် ဘာသွားပြောလို့ရမှာလဲ ကိုယ့်လွတ်လပ်ခွင့်နဲ့ကိုယ်ပဲ။ကိုမောင်မောင်အေး နဲ့ဆိုတာ ကျနော်တို့ ဒီလောကထဲစရောက်ကထဲက ရင်းနှီးကြတဲ့ သူငယ်ချင်း ဘော်ဒါကြီးတွေပါ ခုထိလည်း ခင်မင်မပျက်ပါဘူး… အဲ့ပို့စ့်နဲ့ပက်သက်ပြီး သူ့ကိုလဲ ဘာတခုမှ မပြောခဲ့ပါဘူး…ကျနော်တို့လောကတော့ ဒီအတိုင်းငုတ်တုတ်ခံနေရတာပဲ ဆိုပြီး အချင်းချင် ရင်ဖွင့်ခဲ့တာပါ။အဲ့အတွက်လည်း ကိုမောင်မောင်အေးကို ဒီကပဲ တောင်းပန်ပါတယ်ဗျာ။(4)ပုံ ၄ မှာ ဒီ Group ကြီး စိတ်မချရတော့ဘူးဆိုပြီး ဖျက်ပစ်ဖို့ လူတွေကို အဲ့ချိန် လိုင်းပေါ်မှာရှိတဲ့သူတွေက Remove လုပ်ပေးကြပါဆိုလို့ ကျနော်လည်း Remove ဝိုင်းလုပ်ပေးခဲ့တယ်။နောက်ဆုံး ကျနော်ကိုယ်တိုင်ပါ Remove အလုပ်ခံရပါတယ်ဒါ ကျနော်ပါဝင်ပါတ်သက်ခဲ့တဲ့ ကိစ္စအားလုံးအဖြစ်မှန်ပါပဲ။မကျေနပ်ဘူး၊ ဆဲချင်တယ်ဆိုလည်း စိတ်ကြိုက် ဆဲ ကြပါComment ကို Public ဖွင့်ပေးထားပါတယ်။ဆဲ လို့ ဝ ရင်တော့ စိတ်ထဲ ဘာမှ မထားပဲ မေ့ လိုက်ကြပါတော့။အားလုံးကိုခြုံပီး ပရိသတ်တွေ စိတ်ပျက်စေခဲ့မယ်ဆိုရင် ကျနော့်အမှားအတွက် ကျနော့် ပရိသတ်တွေကိုရော သက်ဆိုင်သူ အားလုံးကိုပါ အနူးအညွှတ်တောင်းပန်ပါတယ်ခင်ဗျာ။အေးချမ်းကြပါစေ စည်သူမောင်