လူကြိုက်အများဆုံးအမျိုးသားဖက်ရှင်- ချမ်းမင်းရဲထွဋ်
ချမ်းမင်းရဲထွဋ် ရဲ့ အကယ်ဒမီပွဲတက်လာတဲ့ဖက်ရှင်ဟာ ကောင်မလေးတွေကြားရေပန်းစား လူကြိုက်များနေပါတယ်။ ချမ်းမင်း ရဲ့ ဝတ်စုံကို ဒီဇိုင်နာ ကောင်းမြတ် က ဒီဇိုင်းထွင်ချုပ်ပေးထားတာဖြစ်ပြီး စိန်နန်းတော်က လက်ဝတ်ရတနာပြင်ဆင်ထောက်ပံ့ပေးထားတာဖြစ်ပါတယ်။ ချမ်းမင်း ရဲ့ ဓာတ်ပုံကို ပရိသတ်ကြိုက်နှစ်သက်မှုများလို့ပပဝတီ က အမျိုးသား အကယ်ဒမီပွဲတက်ဖက်ရှင်လူကြိုက်အများဆုံးအနေနဲ့တင်ဆက်လိုက်ပါတယ်။ပရိသတ်တွေထဲကတယောက်ကတော့ ထိမိနေတယ် ကိုကိုရယ် လို့ရေးထားသလို ပရိသတ်နောက်တယောက်ကလည်း ဝတ်သမျှတွေထဲမှာ ဒီဝတ်စုံတော့ ရှယ်ကြိုက်တယ် မြန်မာမှုကို up grade တင်ထားတာလေး ဆိုပြီးအားပေးထားကြပါတယ်။