ဂယက်ထစေတဲ့ ရွှေမှုံရတီရဲ့အကယ်ဒမီပွဲတက်ဖက်ရှင်

[Unicode]
မင်းသမီးလေးရွှေမှုံရတီကအကယ်ဒမီပေးပွဲနေ့မှာ ဂယက်ထအောင် လုပ်ဖို့ရှိပါတယ်။ ပရိသတ် အမြင်ကပ်လောက်အောင်၊ ဂယက်ထလောက်အောင် ရှယ် စီစဉ်ထားပါတယ်လို့ကြိုပြောခဲ့သလို အကယ်ဒမီ ပေးပွဲနေ့ မှာ ဟိုတယ်မှာ အကယ်ဒမီပေးပွဲအတွက်ပြင်ဆင်နေတဲ့ ဗီဒီယို နဲ့ဓာတ်ပုံတွေကိုတင်လိုက်ပါပြီ။ မြန်မာ့ရိုးရာဖက်ရှင် နဲ့အနောက်တိုင်းဟန်နွယ်နေတဲ့ အလှနဲ့ရွှေမှုံရတီ ရဲ့ဓာတ်ပုံလေးတွေကိုပပဝတီကပြန်လည်တင်ဆက်လိုက်ပါတယ်။ဓာတ်ပုံတွေကို ကိုနေမင်းထွန်း ကရိုက်ကူးပေးထားတာဖြစ်ပါတယ်။