[Unicode]
ရွာကားအဆို ဒါရိုက်တာမိုက်တီးပေါက်ကွဲ
အကယ်ဒမီဆုရှင်ဝါရင့်သရုပ်ဆောင် ဒေါ်ဆွေဇင်ထိုက် ရဲ့ ရွာကား အဆိုကို ပေါက်ကွဲတဲ့သူနောက်တယောက်ကတော့ နာမည်ကြီး ဒါရိုက်တာ မိုက်တီး ပဲဖြစ်ပါတယ်။ ဒါရိုက်တာမိုက်တီး (ဖေ့ဘွတ်ခ်)အကောင့်နာမည် သန်းထွန်းဇော် က ဖေ့ဘွတ်ခ်မှာ ဒေါ်ဆွေဇင်ထိုက် ကို တုန့်ပြန်ပြောဆိုလိုက်တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ အကယ်ဒမီ ဆွေဇင်ထိုက်က ရွာသားတွေရိုက်ရင်တော့ ရွာလက်ရာပဲထွက်မှာပေါ့ ဆိုတာကို ရုပ်ရှင်လောကသတွေဟာ ဆတ်ဆတ်ထိမခံဖြစ်နေကြတာဖြစ်ပါတယ်။ ဖတ်ပြီးတဲ့သူတွေကတော့ ဒေါ်ဆွေဇင်ထိုက် ဘာပြောသလဲဆိုတာသိကြမှာပါ။
ဒါရိုက်တာမိုက်တီးရေးထားတာကဒီလိုပါ။ရွ ာ သ ာ း – မြို့ သ ာ းမြို့ ေ ကျ ာ င် း ထွ က် – ဗို လ် ေ ကျ ာ င် း ထွ က်(ဒေါ်ဆွေဇင်ထိုက်)သေချာတာကတော့ -မြန်မာရုပ်ရှင်ကို နှစ်ခြမ်း ခြမ်းလိုက်တာပဲ ။အားလုံးဟာ မြန်မာနိုင်ငံသား မြန်မာလူမျိုးများရဲ့ မြန်မာရုပ်ရှင်သာ ဖြစ်ပါတယ် ။ တလှေထဲစီး တခရီးထဲသွားချင်း ညီရင်းအကို မောင်နှမများနှယ် လဲနေသူကို ထူ – လိုနေသူကို ကူ လို့ မျှ ဝေ ကူ ထောက် ရင်း လိုရာပန်းတိုင် အရောက်- တညီတညွတ်ထဲ လျှောက်ကြရမဲ့ အနုပညာ မောင်နှမတွေကို ဘာဖြစ်လို့သွေးခွဲနေရတာလဲ !ကောင်းသူ – ဆိုးသူ – တော်သူ – ညံ့သူ – ဘာလို့နှစ်ပိုင်းပိုင်းပစ်ရတာလဲ ! ဘာလို့ဖြိုခွဲနေကြတာလဲ !ဘာ အ တွ က် လဲ !အဇ္ဇျတ္တ အထိ ကြည့်စေချင်ပါတယ် ။ အနုပညာရှင်ဆိုတာ တိုင်းပြည်တပြည်ရဲ့အကြီးမားဆုံးအင်အားပဲ လို့နိဂုံးချုပ်ထားပါတယ်
ဒါရိုက်တာမိုက်တီး ရဲ့စတေးတပ်ကို သရုပ်ဆောင် စိုးမြတ်သူဇာ နဲ့ခန့်စည်သူတို့ကလည်း ထောက်ခံစွာနဲ့LIKE ထားတာကိုတွေ့ရမှာပါ။ ပရိသတ်တွေကတော့ ဒေါ်ဆွေဇင်ထိုက် ရဲ့ စကားကို ထောက်ခံမှု အများအပြားရှိနေပြီး ပပဝတီ ဖေ့ဘွတ်စာမျက်နှာ ရဲ့ ဒေါ်ဆွေဇင်ထိုက် အဆို ထောက်ခံပါသလားဆိုတဲ့ Voting မှာ ဗုတ်တဲ့ဦးရေအယောက် ၃ ထောင်ကျော် က ထောက်ခံထားတာကိုတွေ့ရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ မုဒြာခေါ်သံရုပ်ရှင် အား ပရိသတ်များအားပေးမှုအရှိန်အဟုန်မြင့်တက်နေပြီး လက်ရှိဈေးကွက်အတွင်းမှာ ရိုက်ကူးနေတဲ့ မြန်မာပေါကားတွေကိုလည်း ဝေဖန်မှုတွေမြင့်တက်လာတာတွေ့ရမှာပါ