ရွှေကြာအတွက်ရင်ခုန်နေတဲ့ဖွေးဖွေး
ကြာလိုအေးမြ ှရွှံ့နွံမှ ရုန်းထွက်လွတ်လပ်နိုင်ပါစေဆိုပြီး အနီရောင်တောက်တောက်လေးနဲ့လှနေတဲ့ပုံတွေကိုတင်ထားသူကတော့ ဖွေးဖွေးပါ။ ဖွေးဖွေးရဲ့ရွှေကြာရုပ်ရှင်ဇာတ်ကားဟာ မတ်လ ၁၆ ရက်နေ့မှာရုံတင်မှာဖြစ်ပါတယ်။ ရွှေကြာရုပ်ရှင်မိတ်ဆက်ပွဲနဲ့ပတ်သတ်လို့ ဖွေးကဒီနေ့အတွက် အားလုံးကိုအရမ်းကျေးဇူးတင်ပါတယ် ၊ လာအားပေးတဲ့ချစ်သူငယ်ချင်းတွေ ချစ်ပရိတ်သတ်တွေ အကို အမ တွေ လက်ဆောင် ရခဲ့တဲ့ မုန့်တွေ ကြာပန်းတွေအနုပညာမောင်နှမများ နှင့်တကွ Media များ စာနယ်ဇင်းများ ဓာတ်ပုံကိုမောင်သိန်း နှင့် အားလုံးသော ဓာတ်ဖမ်းဆရာများဖွေးအတွက်အမှတ်တရ “ရွှေကြာ”အထူးပွဲ မှာ ဝတ်ဖို့ ဝတ်စုံလေးကို စေတနာအပြည့်နဲ့ ဖန်တီးပေးတဲ့ ချစ် အကို Designer Nyein Ko (Chic & Chic) အပါအဝင် ရွှေကြာ အဖွဲ့သားများ အားလုံးကို လေးစား တန်ဖိုးထားပါတယ်လို့ ရွှေကြာလေးများနှင့် ရုန်းထွက်နိုင်ခဲ့ပြီးသော မိန်းကလေးများအားလည်းအထူးချစ်ခင်လျှက် ဆိုပြီး ဖေ့ဘွတ်ခ် မှာရေးတင်ထားပါတယ်။ ပပဝတီ ပရိသတ်များအတွက် ဖွေးဖွေးရဲ့ဖက်ရှင်လှလှပုံရိပ်လေးတွေကိုတင်ဆက်လိုက်ပါတယ်။
Photo : Amazing Grace , Phway Phway Facebook