မြန်မာ့ရုပ်ရှင်လောကကိုနှိမ်ချပြီးမပြောသင့်ပါဘူးလို့တုန့်ပြန်လိုက်တဲ့ဒါရိုက်တာ ကြည်ဖြူသျှင်
ဝါရင့်ရုပ်ရှင်မင်းသမီးကြီး အကယ်ဒမီ ဆွေဇင်ထိုက် က 5 Plus ရုပ်သံနဲ့တွေ့ဆုံရာမှာ မုဒြာခေါ်သံ´ကို ကြည့်ပြီး လက်ရှိ မြန်မာ့ရုပ်ရှင်လောကကို သုံးသပ်ပြလိုက်မှုဟာ လက်ရှိရုပ်ရှင်လောကသားတွေရဲ့ အရှိုက်ကိုထိသွားစေပါတယ်။အကယ်ဒမီ ဆွေဇင်ထိုက်က ရွာသားတွေရိုက်ရင်တော့ ရွာလက်ရာပဲထွက်မှာပေါ့ ၊ မြို့သားရိုက်ရင်မြို့လက်ရာထွက်တာပေါ့။ မြို့သားချင်အတူတူတောင်မှ မြန်မာကျောင်းကထွက်တာနဲ့ဘိုကျောင်းကထွက်တာနဲ့မတူဘူးလေ ၊ အပြည်ပြည်ဆိုင်ရာအလေ့အထ နဲ့လေ့ကျင့်ပြီးတော့သင်ကြားတတ်မြောက်လာတဲ့ ကလေးတွေဆိုတော့အကုန်လုံးကစည်းကမ်းရှိတယ်။ အသံပိုင်းဆိုင်ရာမှာကော ၊ ရုပ်ပိုင်းဆိုင်ရာမှာရော၊ ဇာတ်ညွှန်းမှာရော ဒါ စည်းကမ်းရှိတယ် ဆိုပြီး မုဒြာရုပ်ရှင်အဖွဲ့သားတွေကိုချီးကျူးပြောဆိုခဲ့တာဖြစ်ပါတယ်။
ဒါရိုက်တာ ကြည်ဖြူသျှင်ဟာ ဝါရင့်ရုပ်ရှင်မင်းသမီးကြီး အကယ်ဒမီ ဆွေဇင်ထိုက်အား “ကျေးဇူးရှင် ဆရာ သမားတွေ ခေတ်အဆက်ဆက် ရပ်တည်လာခဲ့တဲ့ မြန်မာ့ရုပ်ရှင်လောကကို နှိမ့်ချပြီး မပြောသင့်ပါဘူး” လို့ ယနေ့တုန့်ပြန်ပြောဆိုလိုက်ပြီး မကြာခင်မှာပဲ အကောင့်ကို deactivate လုပ်သွားခဲ့ပါတယ်။
အမျိုးသမီး ဒါရိုက်တာ တယောက်အနေနဲ့ ဒါရိုက်တာ ခရစ္စတီးနားခီရဲ့ အနုပညာကို ချီးကျူးသလို၊ ရုပ်ရှင် လောကအတွက် ထူးချွန်တဲ့ အမျိုးသမီး ဒါရိုက်တာ တယောက် ပေါ်ထွက်လာတာကိုလည်း ဝမ်းမြောက်စွာ ကြိုဆိုပါတယ်။ ဒါပေမယ့် အန်တီ့အနေနဲ့ လူတယောက်ရဲ့အရည်အချင်းကို ချီးကျူးတဲ့အခါ ကိုယ့်ကို အနုပညာသမား တယောက်အဖြစ် မွေးဖွားပေးလိုက်တဲ့ ကိုယ့်ရဲ့ကျေးဇူးရှင်ဆရာသမားတွေ၊ အဆက်ဆက် ရပ်တည်ခဲ့တဲ့ မြန်မာ့ရုပ်ရှင်လောကကိုတော့ ခုလိုနှိမ့်ချပြီး မပြောသင့်ပါဘူး လို့ ရေးသားထားပါတယ်။ဆက်လက်ပြီး ဒါရိုက်တာကြည်ဖြူသျှင်က “ မြန်မာ့ရုပ်ရှင်ဟာ တချိန်က ဘောလီးဝုဒ်ရဲ့ အထက်မှာ ရှိပြီး ဟောလီးဝုဒ်နဲ့ ချိတ်ဆက်ခဲ့တဲ့ အထိ ကြီးကျယ်ခဲ့ပါတယ်။ ဆိုရှယ်လစ် စနစ်အောက်မှာ ပြည်သူပိုင် အသိမ်း ခံလိုက်ရလို့ ရုပ်ရှင်လောကက ကမ္ဘာအဆင့်ကနေ နိမ့်ကျလာတာ အန်တီလည်း သိမှာပါ။ ကျမတို့ ကိုယ်တိုင်လည်း သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ အန်တီပြောတဲ့ ရွာဆရာအဆင့်တွေနဲ့ မြန်မာ့ရုပ်ရှင် လောကမှာ ရပ်တည်လာတာပါ”လို့ ရေးသား ထားပါတယ်။မြန်မာပြည်က ဒါရိုက်တာတွေ ရိုက်ပေးခဲ့တဲ့အတွက် မင်းသမီးအနေနဲ့ အကယ်ဒမီဆု ရရှိခဲ့တဲ့ အကယ်ဒမီ မင်းသမီးကြီး ဆွေဇင်ထိုက်ကို သူမပြောခဲ့တဲ့ စကားတွေ ဘဘဘိုကလေးတင့်အောင် မကြားပါစေနဲ့လို့ ဆုတောင်းရင်း ဆိုတဲ့စကားနဲ့ ဒါရိုက်တာ ကြည်ဖြူသျှင်က အဆုံးသတ် ရေးသားထားတာပါ။
တကယ်တော့ မင်းသမီးကြီးဆွေဇင်ထိုက် ပြောချင်တာဟာ ယနေ့ခေတ် ငွေလွယ်လွယ်ရပြီးရော မြန်မာပေါကားများကိုသာရည်ရွယ်ပြီး ပြောခဲ့တာဖြစ်တာကိုတော့ ဒါရိုက်တာ ကြည်ဖြူသှျှင် နဲ့ရုပ်ရှင်အဖွဲ့သားတွေသဘောပေါက်ဟန်မတူပါဘူး။