ချစ်သူ အကြောင်း ဖွင့်ဟပြောဆိုလိုက်တဲ့ စူးရှနိုင်

patricia
patricia

မင်းသမီး မော်ဒယ် စူးရှနိုင် ခေါ် Patricia က သူမ ရဲ့ ချစ်သူနဲ့ ပတ်သတ်လို့ အခုလိုရင်ဖွင့်သွားခဲ့ပါတယ်။ European ဆိုပေမယ့် သူ့မိဘတွေက တကယ်ကိုစည်းကမ်းကြီးတဲ့၊ ယဉ်ကျေးတဲ့အသိုင်းအ၀ိုင်းက လာတာ။ ကိုယ့်ကို တောင် တစ်ခါတလေကျရင် ပြန်ဆုံးမတယ်။ အရမ်းချစ်ဖို့ကောင်းတာတစ်ခုက ဘုရားသွား ရင် မြန်မာလိုဝတ်သွားတယ်။ တစ်ခါတလေ ကိုယ်ဝတ်ချင်တဲ့ ပုံဝတ်သွားရင်တောင် သူကမြန်မာလို အပြည့်ဝတ်သွားတယ်။ ဒီအလေ့အထ လေးလုပ်တာကို သဘောကျတယ်’’ဟု ပက်ထရစ်ရှာ စူးရှနိုင်က ပြောပါတယ်။
ပရိသတ်တွေလည်း သိပါ တယ်။ ညီမကရည်းစားတွေ မထားဘူး။ ကိုယ့်ဟာကိုယ်တစ် ယောက်တည်းနေတယ်။ ဒါပေမဲ့ ညီမရွေးချယ်လိုက်တဲ့ ချစ်သူက လည်း ညီမအပေါ်တကယ်ကောင်း တဲ့သူကိုပဲ ရွေးချယ်တာပါ။ တ ကယ်ကိုယဉ်ကျေးတယ်။ ကိုယ့် ထက်တောင် ယဉ်ကျေးတယ်’’ ဟု ၎င်း၏ချစ်သူနှင့်ပတ်သက်၍ ပြောသည်။ပက်ထရစ်ရှာက ၎င်း၏ချစ်သူနှင့်အတူ အောင်ဇမ္ဗူတောရ ဓမ္မရိပ်သာဆရာတော်ကို ၀ါဆို သင်္ကန်းကပ်လှူသည့်အကြောင်း ပြီးခဲ့သည့် ရက်ပိုင်းက Instagram တွင် တင်ခဲ့သည်။