ကမ်းခြေရောက်တုန်းဘီကီနီနဲ့ ပုံတွေတင်လိုက်တဲ့သင်ဇာဝင့်ကျော်


မင်းသမီး သင်ဇာဝင့်ကျော် ကတော့ ငွေဆောင်ကမ်းခြေကိုရောက်ရှိနေပါတယ်။ သင်ဇာကThe way we dress doesn’t mean yes ဆိုပြီး ဘီကီနီ နဲ့အလှပုံတွေကိုသူမရဲ့ အွန်လိုင်းဖေ့ဘွတ်ခ်မှာတင်ထားတာပဲဖြစ်ပါတယ်။သင်ဇာရဲ့ ဓာတ်ပုံအောက်မှာ ပရိသတ်တွေက လာပြီးလှတယ်လို့ ရေးကြသလို ၊ အနုပညာရှင်တွေဖြစ်တဲ့ အဆိုတော်ပိုပို ၊ မြတ်ကေသီအောင် နဲ့စန္ဒီမြင့်လွင် တို့ကလည်း ကွန့်မန့်တွေလာပေးထားကြတာတွေ့ရမှာပါ။လေ့ကျင့်ခန်းပုံမှန်လုပ်တဲ့ မင်းသမီးသင်ဇာဝင့်ကျော်ကတော့ သူမရဲ့ ခန္တာကိုယ်လှပနေဖို့ဂရုစိုက်တဲ့သူတဦးဖြစ်ပြီး ယခုလို ဘီကီနီ နဲ့ပုံတွေကိုလည်းတင်ရတာ ကြိုက်နှစ်သက်တဲ့သူတဦးဖြစ်ပါတယ်။