အောင်ရဲထွေး သေဆုံးမှုနှင့်ပတ်သက်၍ တရားလိုဘက်က ကျေအေးလွှာတင်
အရှေ့ပိုင်းခရိုင်တရားရုံး၏ တတိယအကြိမ်မြောက်ရုံးချိန်းတွင် တရားလို ဦးသန့်ဇင်ဦး က ကျေအေးလွှာဆန္ဒပြုစာကို တင်ခဲ့ခြင်းဖြစ်ပြီး ယင်းမှာ မိသားစုအားလုံး၏ ဆန္ဒအရဖြစ် ကြောင်း အောင်ရဲထွေး၏ ဖခင်ဖြစ်သူ ဦးမြင့်ဦးက တရားပြိုင်ရှေ့နေ၏ မေးမြန်းချက်ကို ထွက်ဆိုခဲ့သည် လို့Myanmar Times မှာဖော်ပြထားပါတယ်။၂၀၁၈ ဇန်နဝါရီ ၁ ရက် နံနက် ၃ နာရီ အချိန်ခန့်တွင် သင်္ဃန်းကျွန်းမြို့နယ် ပေါ်ဆန်းမွှေးလမ်းရှိ The One Entertainment ဝင်း အတွင်း ကျင်းပသော နှစ်ကူးပါတီပွဲသို့ ရည်းစားဖြစ်သူ နှင့် အတူ ရောက်ရှိနေစဉ်The Brave Bar ကလပ်တွင် ခိုက်ရန်ဖြစ်ခဲ့ဖူးသူ သန်းထွဋ်အောင်(ခ) သားကြီး ပြည့်ဖြိုးအောင်(ခ)အောင်လေး နှင့်ကျော်ဇော်ဟန်(ခ) ကျော်ဇော် တို့နှင့်တွေ့ဆုံစဉ် ၎င်းတို့က ဝိုင်းဝန်း ထိုး ကြိတ်နှက်ခဲ့ခြင်းကြောင့် အောင်ရဲထွေးတွင် ဦးခေါင်းတွင် ဒဏ်ရာများ(စိုးရိမ်ရ)ရရှိသဖြင့် ရန်ကုန် ဆေးရုံကြီးသို့ တင်ပို့ကုသခဲ့ပြီးနောက် သေဆုံးခဲ့သော အမှုပါ။“တရားခွင်က ထွက်လာတော့ တရားရုံးအောက်မှ သူတို့ (အောင်ရဲထွေး) မိသားစုတွေအချင်းချင်း စကားများနေကြတယ်။ ဒီကိစ္စအပေါ် သဘောထားကွဲလွဲနေကြတာထင်တယ်”ဟု တရားရုံးမှ ရဲအရာရှိ တစ်ဦးက ၎င်းမြင်တွေ့ခဲ့သည်များကို ပြန်လည်ပြောကြားသည်လို့The Voice သတင်းစာမှာ ဖော်ပြထားပါတယ်။ယင်းသေဆုံးမှုနှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်ခဲ့သူဟုဆိုသော သန်းထွဋ်အောင် (ခ) သားကြီးနှင့် အသက် ၂၆ နှစ် ပြည့်ဖြိုးအောင် (ခ) အောင်လေး၊ အသက် ၂၈ နှစ် ကျော်ဇောဟန် (ခ) ကျော်ဇောတို့က ရဲစခန်းထံ လရောက်ဖမ်းဆီးခံခဲ့ပြီးနောက် အဆိုပါအမှုကို အရှေ့ပိုင်းခရိုင်တရားရုံးတွင် ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် တရားစွဲဆို စစ်ဆေးလျှက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ ဒီအမှုဟာ လူအများစိတ်ဝင်တစားရှိနေတဲ့အမှုဖြစ်ပြီး အမှန်တရား အတိုင်း ပြစ်ဒဏ်ချမှတ်ဖို့ကိုမျှော်လင့်နေကြတာဖြစ်ပါတယ်။